close

တင်းနစ်အကြိုဗိုလ်လုပွဲ

close

February 6, 2022

အမျိုးသားတဦးချင်း တင်းနစ်အကြိုဗိုလ်လုပွဲတွင် ဂျာမနီတင်းနစ်သမား ဇာရဗ် အနိုင်ရရှိ

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ဖိတ်ခေါ်ဖလား အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ ဂျာမနီက တင်းနစ်အကျော်အမော် အလက်ဇန်ဒါးဇာရဗ်က ကမ္ဘာ့နံပါတ်သုံး ဖြစ်တဲ့ ဇာရဗ်ဟာ ဆွီဒင်က မီကာအီးမားကို ၆-၁ ၊ ၆-၃ နဲ့ အနိုင်ရလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့တဲ့ အကြိုဗိုလ်လုပွဲ နောက်တပွဲမှာ ကာဇက်စတန်က အလက်ဇန်ဒါး ဘူးလစ်ခ်က ဆာဗီးယားက ဖိလစ်ခရိုင်းနိုဗစ်ကို ၆-၄ ၊ ၆-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ 

ဒါကြောင့် ဒီနေ့ ဗိုလ်လုပွဲမှာ ဇာရဗ်နဲ့ ဘူးလစ်ခ်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

52 seconds Ago
Up