close

တစ်လခွဲအရွယ်ကလေး

close

July 8, 2021

မန္တလေး၌ တစ်လခွဲအရွယ် ကလေးငယ်အပါအဝင် ၁၄ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး

မန္တလေးမြို့မှာ ဇူလိုင် ၇ ရက်က  ကိုဗစ်-၁၉ ရောဂါနဲ့  တစ်လခွဲအရွယ် ကလေး တစ်ဦးအပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ခံပရဟိယအသင်းက သိရပါတယ်။ 

သေဆုံးသူတွေဟာ မန္တလေးကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံက တစ်လခွဲအရွယ် ကလေးငယ်တစ်ဦး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက ၇ ဦး၊ ကန်တော်ကြီး သံဃာ့ဆေးရုံမှ တစ်ဦး၊ ရပ်ကွက်တွေထဲက  ကိုဗစ်ရောဂါသံသယလူနာ ၅ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့တာပါ။ 

သေဆုံးသူတွေကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ရွှေချည်စေတနာ လူမှုကူညီရေးအသင်း၊ မဏိမေခလာလူမှုကူညီရေးအသင်း၊ မြင့်မြတ်ရာစေလူမှု ကူညီရေးအသင်း၊ မြင့်မြတ်ရတနာလူမှုကူညီရေးအသင်း၊ ပရဟိတဓာရီလူမှုကူညီရေးအသင်း၊ မဏိမေခလာ လူမှုကူညီရေးအသင်းတို့က အေးရိပ်ငြိမ်ဘာသာပေါင်းစုံသုသာန်ကို ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ ပါတယ်။

Photo - ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့

7 mins Ago
Up