close

တစ်လမ်းမောင်း

close

October 23, 2022

မန္တလေးတွင် တစ်လမ်းမောင်း လမ်းတချို့ကို နှစ်လမ်းမောင်းအဖြစ် ပြန်ပြောင်းလဲ

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနဲ့ လမ်း ၈၀ ကြားက အရှေ့အနောက် သွားရာလမ်းတွေဖြစ်တဲ့ ၃၆ လမ်း ၊ ၃၇လမ်း၊ ၃၉လမ်းနဲ့ လမ်း၄၀ တို့ကို တစ်‌လမ်းမောင်း စနစ်ကနေ နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲမယ်လို့ စစ်ကောင်စီ လက်အောက်ခံ မန္တလေးစည်ပင်က ကြေညာထားပါတယ်။

အဆိုပါ လမ်းတွေကို နှစ်လမ်းမောင်းအဖြစ် အောက်တိုဘာလ ၂၇ ရက်ကနေ စတင် မောင်းနှင်ခွင့်ပြုမှာဖြစ်ပြီး ယာဉ်ကန့်လန့်ရပ်တာ၊ ယာဉ်နှစ်ထပ်ရပ်တာ၊ ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချတာတွေ မလုပ်ဖို့ကိုလည်း ကြေညာထားပါတယ်။ 

နှစ်လမ်းမောင်းအဖြစ် စတင်ကျင့်သုံးသတ်မှတ်တဲ့အချိန်ကစပြီး တောင်မြောက်လမ်းတွေကိုတော့ အဓိကလမ်းတွေအဖြစ် သတ်မှတ်သွားလာရမှာဖြစ်ပြီး အရှေ့အနောက်လမ်းတွေကနေ သွားလာသူတွေက ဦးစားပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ 

မန္တလေးမြို့မှာတော့ စစ်အုပ်စုဟာ စခန်းချထားရာ နေရာအနီး လမ်းမကြီးတွေပေါ်မှာ လမ်းတခြမ်းကို ဘယ်ရီဂိတ်တွေချထားပြီး လုံခြုံရေးပြုလုပ်ထားတာကြောင့် လမ်းပိတ်ဆို့တာတွေ ရှိနေပါတယ်။ 

စစ်အုပ်စုလက်အောက်ခံဌာနတွေကို မကြာခဏ ဗုံးခွဲတိုက်ခိုက်လေ့ရှိတဲ့ မိန်းလမ်းမကြီးတွေပေါ်မှာလည်း slow down  တွေပြုလုပ် တားဆီးထားတဲ့အပေါ် မြို့ခံတွေက ဝေဖန်ပြောဆိုကြါတယ်။

12 mins Ago

May 7, 2020

မန္တလေးမြို့ရှိ  ၈၁ လမ်း၊ ၈၂ လမ်း၊၈၃ လမ်း၊ ၈၄ လမ်း တို့ကို ၂ လမ်းမောင်းစနစ် သတ်မှတ်မည်

မန္တလေးမြို့မှာရှိတဲ့ ၂၆ လမ်း ကနေ ၃၅ ကြားက တစ်လမ်းမောင်းသတ်မှတ်ထားတဲ့ ၈၁ လမ်း၊ ၈၂ လမ်း၊ ၈၃ လမ်း၊ ၈၄ လမ်းတို့ကို မေလ ၉ ရက်က စပြီး နှစ်လမ်း မောင်းအဖြစ်ပြောင်းလဲသတ်မှတ်သွားမယ်လို့ မန္တလေးမြို့ တော်စည်ပင်သာ ယာရေးကော်မတီ က သိရပါတယ်  အဲ့ဒီလို ပြောင်းလဲပြီးပါက မေလ ၁၅ ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်လုပ်ဆောင်မှာဖြစ်ပြီး မေလ ၁၆ ရက်နေ့ကစလို့ ယာဉ်နှစ်ထပ်ရပ်တာ၊ လမ်းပေါ်ဈေးခင်းတာတွေကို အရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လမ်းတွေကိုချဲ့ခင်းပြီးဖြစ်ကာ ကျယ်နေတဲ့ လမ်းတွေကို အကျိုးရှိရှိ အသုံးချဖို့နဲ့ တစ်လမ်းမောင်းလုပ်ထားတဲ့ လမ်းတွေကို  ကွေ့ပတ်သွားတာမဖြစ်ဖို့ အဖွဲ့အစည်းပေါင်းစုံနဲ့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်လိုက်တာလို့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။  ဒီလိုတစ်လမ်းမောင်းတွေကို နှစ်လမ်းမောင်းပြောင်းတာနဲ့ပတ်သက်ပြီး လူထုသဘောထား စစ်တမ်းကောက်ပြီးသွားပြီလားဆိုတာကို သိဖို့လိုတယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက သုံးသပ် ပြောပါတယ်။
2 years Ago
Up