close

တစ်ဦးချင်းပြိုင်ပွဲ

close

July 26, 2021

အိုလံပစ်လက်ရှိချန်ပီယံ အန်ဒီမာရေး တစ်ဦးချင်းပြိုင်ပွဲမှ နုတ်ထွက်ပြီး ၂ ယောက်တွဲ ဝင်ပြိုင်

တစ်ဦးချင်းတင်းနစ် အိုလံပစ်ချန်ပီယံ အန်ဒီမာရေးဟာ တစ်ဦးချင်းပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီး ၂ ယောက်တွဲ ပြိုင်ပွဲမှာပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

ဗြိတိန်သား အန်ဒီမာရေးဟာ ပေါင်ကြွက်သားဒဏ်ရာရှိနေပြီး ပြိုင်ပွဲ ၂ ခုထဲကနေ တစ်ခုကို ရွေးချယ်ခဲ့ရာမှာ ၂ ယောက်တွဲပြိုင်ပွဲကိုပဲ ရွေးချယ်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲရဲ့ တစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူခဲ့တဲ့ အန်ဒီမာရေးအနေနဲ့ ၂ ယောက်တွဲပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ပဲ ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ 

ပထမ အဆင့်ပွဲစဉ် မစတင်ခင် နာရီပိုင်းအလိုကမှ တစ်ဦးချင်းပြိုင်ပွဲကနေ နုတ်ထွက်လိုက်တဲ့ အန်ဒီမာရေးဟာ ၂ယောက်တွဲပြိုင်ပွဲ ပထမအဆင့်ကို  ဂျိုးဆာလစ်ဘူရီနဲ့အတူ ယှဉ်ပြိုင်ခဲ့ပါတယ်။ 

မာရေးနဲ့ ဂျိုး အတွဲဟာ ပြင်သစ်အတွဲကို ၆-၃ ၆-၂ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်မှာတော့ ဂျာမနီအတွဲနဲ့ ယှဉ်ပြိုင် သွားရမှာဖြစ်ပါတယ်။ 

အမျိုးသား ၂ ယောက်တွဲ တင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ရာဖေးလ်နာဒယ်နဲ့ မာ့ လိုပက်ဇ်တို့အတွဲက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့လို့ အန်ဒီမာရေးအတွက် အခွင့်အလမ်းပိုကောင်းနေပါတယ်။ 

တစ်ဦးချင်းပြိုင်ပွဲမှာ အန်ဒီမာရေးနဲ့ ရာဖေးလ်နာဒယ်တို့ မပါဝင်ခဲ့တာကြောင့် ဆားဘီးယား သား ဂျိူကိုဗစ်က ရေးပန်းအစားဆုံးဖြစ်နေပါတယ်။

13 mins Ago
Up