close

တည်ဆောက်နေဆဲ

close

January 30, 2023

မန်ယူနိုက်တက်အသင်း တည်ဆောက်နေဆဲဟု ကတ်စမီရိုပြော

မန်ယူနိုက်တက်အသင်းဟာ တည်ဆောက်နေဆဲအဆင့်မှာပဲရှိသေးတယ်လို့ ကွင်းလယ်လူ ကတ်စမီရိုက ပြောပါတယ်။

သူကိုယ်တိုင်က အသင်းပြောင်းရွှေ့လာတာမကြာသေးသလို နည်းပြကလည်း အခုနှစ်ရာသီမှ စတင် ကိုင်တွယ်လာတာဖြစ်လို့ တခြားထိပ်တန်းအသင်းတွေလို အချိန်ယူ တည်ဆောက်ရခြင်း မရှိသေးကြောင်း ကတ်စမီရိုကပြောပါတယ်။

“အရှိတရားကိုပြောရမယ်ဆိုရင် ကျနော်တို့အသင်းက တည်ဆောက်နေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ တဆင့်ချင်းစီသွားမှပဲ အကောင်းဆုံးတည်ဆောက်မှုဖြစ်တာမို့ ဒါက အရေးကြီးပါတယ်။ အနာဂတ်မှာ ဆုဖလားတွေရယူနိုင်ဖို့အတွက် ခိုင်မာတောင့်တင်းတဲ့ အခြေခံအုတ်မြစ်တွေ တည်ဆောက်သွားရမှာဖြစ်တယ်”လို့ ကတ်စမီရိုက ပြောပါတယ်။

ကတ်စမီရိုဟာ ယူနိုက်တက်နဲ့ ပထမဆုံးရာသီဝက်ကာလမှာပဲ ပြိုင်ပွဲစုံမှာ ၄ ဂိုးသွင်း ပြီး ၅ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

5 mins Ago
Up