close

တတိယအကျော့မဲ

close

July 19, 2022

ဗြိတိန်ဝန်ကြီးချုပ်နေရာအတွက် တတိယအကျော့မဲပေးရာတွင် ဝန်ကြီးဟောင်း ဆူနက်ခ် အနိုင်ရ

၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့နေရာမှာ အစားထိုးဖို့ ရွေးချယ်နေတဲ့ ဇူလိုင် ၁၈ ရက် တနင်္လာနေ့က တတိယအကျော့ မဲပေးပွဲမှာ ဗြိတိန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရီရှီဆူနက်ခ် က ထောက်ခံမှုအများဆုံးရရှိခဲ့ပြီး လွှတ်တော်အမတ် တွံမ် တူဂန်ဒတ်က ရှုံးနိမ့်ထွက်ခွာသွားပါတယ်။

၁၉၂၂ ကော်မတီဥက္ကဋ္ဌ၊ ဂရာဟမ်ဘရာဒီက ကိုယ်စားလှယ်လောင်းနာမည်နဲ့ မဲအရေအတွက်တွေကို အက္ခရာစဉ်အလိုက် ဖတ်ကြားကြေညာခဲ့တဲ့ မဲရလဒ်မှာတော့ ဆူနက်ခ်က ၁၁၅ မဲနဲ့ အများဆုံး အနိုင်ရပါတယ်။

ပန်နီမောဒန့်ထ်က ၈၂ မဲ၊ လစ်ဇ် ထရပ်စ်စ်က ၇၁ မဲ၊ ကယ်မီဘန်ဒနော့ က ၅၈ မဲ ရရှိခဲ့ပါတယ်။ ဘောရစ်ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့မှာ မပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း  တူဂန်ဒတ် က ၃၁ မဲသာ ရရှိခဲ့တာပါ။

ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့မှာ ကျန်ရှိနေတဲ့ ကိုယ်စားလှယ်လောင်း ၄ ယောက်ကို မဲခွဲဆုံးဖြတ်မယ့် နောက်တချီ မဲပေးပွဲကို အဓိပတိဟောင်းလည်း လာရောက်မှာဖြစ်ပါတယ်။

4 mins Ago
Up