close

တတိယအကြိမ်ညီလာခံ

close

May 30, 2022

PNLO/PNLA ပအိုဝ်းတပ်ဖွဲ့ တတိယအကြိမ်ညီလာခံကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာရှိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဌာနချုပ်မှာ တတိယအကြိမ်မြောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)ညီလာခံကျင်းပနေပါတယ်။

မေလ ၂၉ ရက်ကနေ ၃၁ ရက်ထိ ကျင်းပနေတဲ့ (PNLO/ PNLA) ညီလာခံကို ကိုယ်စားလှယ်ပေါင်း ၁၃၀ ကျော် တက်ရောက်နေပြီး  အလုပ်အမှုဆောင် အသစ်တွေကို ရွေးကောက် တင်မြှောက်သွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ရဲ့ ညီလာခံကို  ၄ နှစ် တကြိမ် ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

PNLO/PNLA တပ်ဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

1 min Ago
Up