close

တန့်ဆည်ပြည်သူ့ရဲဘော်(TPC) အဖွဲ့

close

October 9, 2021

တန့်ဆည်မြို့တွင် စစ်ကောင်စီ စစ်ကားတစ်စီးကို TPC က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နဘက်ကြီး မယ်တော်နန်းအနီးမှာ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ကင်းလှည့်ပြန်လာတဲ့ စစ်သား ၂၀ ခန့်ပါတဲ့ စစ်ကားတစ်စီးကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒေသခံတဦးက “နဘက်ကြီးစခန်းက စစ်သားတွေ ရွာတွေကို ကင်းလှည့်ပြီးအပြန်မှာ စီတုံးလုံးချောင်း နဘက်ကြီး မယ်တော်နန်း မူးဘောင်အကူးမှာ မိုင်းဆွဲခံရတယ်လို့ သိရတယ်။ သေနတ်ပစ်ခတ်သံတွေလည်း ကြားတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကားဟာ နဘက်ကြီးစခန်းကဖြစ်ပြီး ကျေးရွာတွေဘက်ကို ကင်းလှည့်ပြီး အပြန်လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကာ စစ်ကားပေါ်မှာ စစ်သား ၂၀ လောက် ပါလာတာကြောင့် ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ကြေညာထားပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ရဲဘော်အဖွဲ့ (TPC) အနေနဲ့ ဩဂုတ် ၁၆ ရက်နေ့ကလည်း ဒေါင့်ကြီးရွာဘက်က ပြန်လာတဲ့ စစ်ကား(အိမ်စီးကား) နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

9 mins Ago

June 4, 2021

ဒလန်လက်ဖက်ရည်ဆိုင်ကို ဗုံးခွဲခဲ့ဟု တန့်ဆည်ပြည်သူ့ရဲဘော်(TPC) အဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ သီရိကျော် လက်ဖက်ရည်ဆိုင်ရှေ့မှာ ဇွန်လ ၄ ရက် မနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC)က သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

သီရိကျော်လက်ဖက်ဆိုင်ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ သတင်းပေးဒလန်တစ်ယောက်ဖြစ်ပြီး၊ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ ဝင်ထွက်သွားလာနေတဲ့အတွက် နောက်နောင် အခုလိုမပြုလုပ်စေဖို့ ရည်ရွယ်ပြီး ဗုံးခွဲ သတိပေးတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်တဲ့  ဆိုင်တွေအိမ်တွေကို နေထိုင်ခြင်း သွားလာခြင်းမပြုကြဖို့နဲ့ မဖြစ်မနေသွားလာစရာရှိခဲ့ရင်လည်း အချိန်ကြာမြင့်စွာ လှည့်လည်သွားလာတာမျိုးရှောင်ရှားကြဖို့ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

4 months Ago
Up