close

တန့်ဆည်မြို့နယ်တိုက်ပွဲ

close

March 12, 2022

တန့်ဆည်မြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၅ ဦးသေ၊ ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၆ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိမ်းစားရွာအနီးမှာ မတ်လ ၁၂ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံး‌ပြီး ၁ ဦး အရှင်ဖမ်းမိခဲ့ကာ သေနတ် ၆ လက်သိမ်းဆည်းရမိတယ်လို PDF တပ်က ပြောပါတယ်။

“သူတို့ဘက်က  ၅ ယောက်သေတယ်။ တစ်ယောက်အရှင်ဖမ်းမိထားတ ယ်။ လက်နက်၆ လက်လည်းရတယ်။ စစ်‌ (-) တွေအထိနာဝောာ့ စိမ်းစားရွာနဲ့ ချောင်းရိုးရွာက အိမ်တွေကိုလည်း  လိုက်မီးရှို့တယ်” လို့  ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြော ပါတယ်။

ကျေးရွာထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး တယောက် ကျည်ဆန်ထိမှန် သေဆုံးခဲ့သလို ရွာကိုမီးရှို့ခံရတာကြောင့်  မသန်စွမ်းအဘွားအိုတယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေဟာ စိမ်းစားကျေးရွာအတွင်းမှာ ဆက်လက်ရှိနေသေးပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ပိတ်မိနေတဲ့အတွက် ပစ်သတ်ခံရမှာကို ဒေသခံမိသားစုဝင်တွေက စိုရိမ်နေကြပါတယ်။

25 seconds Ago
Up