close

တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း

close

June 16, 2021

တန့်ဆည်မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဓားဖြင့် ခုတ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ဇွန် ၁၆ ရက် မနက်ပိုင်းက  ဒေါင့်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဝင်း အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူက ဒေါင့်ကြီး ကျေးရွာအုပ်ချုပ်ရေးအဟောင်း ဦးသိန်းစိန်လက်ထက်ကပါ။ အာဏာသိမ်း စစ်ကောင်စီကို သတင်းတွေပေးတယ်။ ဒီမနက် ဓားနဲ့ ဝင်ခုတ်သတ်သွားတယ်။ ဘယ်သူဝင်ခုတ်လဲ မသိပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးပြီး မကြာခင်မှာ ရွာကို ရဲတွေနဲ့ စစ်ကားတွေရောက်လာခဲ့ပါတယ်။ တန့်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကလည်း ရွာမုံတောင်ကျေးရွာနေ သတင်းပေးဒလန်  ဦးကျော်လွင် သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

20 mins Ago
Up