close

တန့်ဆည်မြို့အဝင်ဂိတ်

close

June 15, 2021

တန့်ဆည်မြို့အဝင်ဂိတ် ဗုံးပေါက်ကွဲ ပြည်သူ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ တောင်ဘက်မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဇွန် ၁၄ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲလို့ ခရီးသွားပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားသူဟာ ဘယ်သူ ဘယ်ဝါဆိုတာရယ်၊ ဘယ်အရပ်ဒေသကလာတဲ့ ခရီးသွားလဲ ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ကတော့ “ ဒီနေ့မနက်ပိုင်း အကြမ်းဖက်စစ်တပ်ကို TPC က ဗုံးခွဲတိုက်ခိုက်တာဖြစ်လို့ ပြည်သူတွေ ထင်ယောင် ထင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်စစ်တပ်က တန်ပြန်လုပ်ဆောင်တာဖြစ်တယ်” လို့ ပြောပါတယ်။

ပြည်သူ့ရဲဘော်တွေဟာ ပြည်သူတွေထိခိုက်မယ့်ကိစ္စကို  လုံးဝ လုပ်ဆောင်မှာမဟုတ်သလို ပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ် ကိုလည်း ပြင်းထန်စွာ ချေမှုန်းသွားမယ်လို့ သတိပေးထားတာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းစစ်တပ်တွေ ရှိတဲ့နေရာတွေကနေ အထူးရှောင်ရှားသွားလာကြဖို့ အသိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။

4 mins Ago
Up