close

တန်ပြန်ထိုးစစ်

close

May 1, 2023

ရုရှားတပ်ဖွဲ့များကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ယူကရိန်းသမ္မတ ကြေညာ

ယူကရိန်းသမ္မတ ဇလန်းကီးက အနောက်နိုင်ငံတွေရဲ့ တိုက်လေယာဉ်အကူအညီကို လက်ခံရရှိခြင်း မရှိသေးပေမဲ့ ရုရှားတပ်ဖွဲ့တွေအပေါ်မှာ ယူကရိန်းအစိုးရအနေနဲ့ တန်ပြန်ထိုးစစ် စတင်တော့ မယ်လို့ ဧပြီ ၃၀ ရက်က ကြေညာပါတယ်။ 

အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းအတွက် စစ်ရေးအကူအညီပေးရာမှာ နယ်ပယ်ချဲ့ထွင်ကြဖို့ကို ဇလန်းစကီးက အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် တိုက်လေယာဉ်တွေက အထောက်အကူ အများကြီးဖြစ်စေနိုင်ပါ တယ်။ ဒါပေမဲ့ အတင်းတောင်းဆိုလို့ မရဘူးဆိုတာကိုလည်း နားလည်ထားပါတယ်။ ဒါကြောင့် F-16 လေယာဉ်တွေ ဒါမှမဟုတ် တခြားလေယာဉ်တွေ ရမလာသေးခင်မှာတင် တန်ပြန်ထိုးစစ်ကို စတင်လုပ်ဆောင် သွားမယ်”လို့ ဇလန်းစကီးက မှတ်ချက်ပေးပါတယ်။ 

ဒါ့အပြင် သူက F-16 လေယာဉ်တွေနဲ့အတူ အနောက်နိုင်ငံထုတ် တခြားလေယာဉ်တွေကိုပါ အကူအညီပေးဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံတွေရှိနေပြီလို့လည်း ကိဗ်မြို့မှာ စကန်ဒင်နေးဗီးယန်း နိုင်ငံတွေရဲ့ သတင်းထောက်တွေကို ဖြေဆိုပါတယ်။ ဒါက ဘယ်နိုင်ငံတွေလဲဆိုတာ ကိုတော့ အသေးစိတ် မပြောပါဘူး။

လက်ရှိအချိန်အထိ ယူကရိန်းစစ်တပ်မှာ ဆိုဗီယက်ခေတ် တိုက်လေယာဉ်တွေကိုသာ ပိုင်ဆိုင်ထားတာပါ။ 

ဒါကြောင့် ယူကရိန်းအနေနဲ့ နိုင်ငံရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လာမယ့် သီတင်းပတ် ဒါမှဟုတ် လပိုင်းအတွင်းမှာ တန်ပြန်ထိုးစစ်တွေနဲ့အတူ ပြန်လည်သိမ်းယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ 

6 hours Ago

April 18, 2023

ပိုလန်တပ်ဖွဲ့များ တန်ပြန်ထိုးစစ်လေ့ကျင့်

ပိုလန်တပ်ဖွဲ့တွေဟာ  မဟာဗျူဟာကျတဲ့ ဗက်စ်ကူလာစပလစ်တူးမြောင်းကို သိမ်းပိုက်မှု ပုံစံတူ တန်ပြန်ထိုးစစ်လေ့ကျင့်ခန်းတစ်ခုကို   ဧပြီ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံ ကလီနင်ဂရက်နယ်မြေကနေ မိုင်အနည်းငယ်အကွာမှာရှိတဲ့ တူးမြောင်းနဲ့ ပတ်ဝန်းကျင်တံတားတွေကို လွတ်မြောက်စေရေး လေကြောင်း၊ မြေပြင်နဲ့  ပင်လယ်ရေကြောင်းချီ တပ်တွေက ပူးပေါင်းလေ့ကျင့်ခဲ့တာပါ။

ပိုလန်ဗိုလ်မှူးကြီးကာရိုးဖရန်ကောင်စကီက“အဲဒီကနေ ဖြစ်နိုင်ခြေရှိတဲ့ ရုရှားရဲ့ ရန်စမှုတွေကို တားဆီးဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သည်တွေနဲ့ မော်တော်ယာဉ်တွေလည်း ပါဝင်ပါတယ်။ ပိုလန်နိုင်ငံ စကော်ရွန်ကီမြို့မှာရှိတဲ့ ဗက်ကူလာစပလစ် တူးမြောင်းကို ၂၀၂၂  ခုနှစ်မှာ ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး သင်္ဘောတွေဟာ ဒီတူးမြောင်းကြောင့် ဂဒန့်စ်ခ် ပင်လယ်အော်ကိုဖြတ်ကာ ရုရှားရေပြင်ကိုရှောင်ရင်း ဘောလ်တစ်ပင်လယ်ဆီ ရောက်ရှိနိုင်ပါတယ်။

2 weeks Ago
Up