close

တန်ဖိုးအမြင့်ဆုံးဘောလုံးသမား

close

June 7, 2022

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးသမားစာရင်းတွင် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ဦးဆောင်

နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးသမားစာရင်းမှာ ပြင်သစ်နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေက ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။

CIES လို့ခေါ်တဲ့ ဘောလုံးသုတေသန ကုမ္ပဏီက တွက်ချက်ပြီး တန်းဖိုးအမြင်ဆုံးကစားသမား၁၀၀ ဦးအထိ ထုတ်ပြန်ခဲ့တာပါ။

ကစားသမား တစ်ဦးချင်းစီရဲ့တန်ဖိုးကိုတွက်ချက်ရာမှာ လက်ကျန်စာချုပ်သက်တမ်း၊ လုပ်ခလုပ်စာနဲ့ မိခင်ကလပ်အသင်းရဲ့အောင်မြင်မှုတွေကို အခြေခံပြီး တန်ဖိုးသတ်မှတ်ပေးခဲ့ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီ နဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် တန်ဖိုးပိုမိုမြင့်တက်လာခဲ့တာဖြစ်ပြီး ပေါင် ၁၇၅ ဒသမ ၇ သန်း တန်ကြေးသတ်မှတ်ခံရပါတယ်။

ဒုတိယနေရာမှာ ရီးရဲလ်မက်ဒရစ်က ဘရာဇီးတောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်က ပေါင် ၁၅၈ ဒသမ သန်းနဲ့ ရပ်တည်ပါတယ်။

အဲဒီနောက် မန်စီးတီးတိုက်စစ်မှူးသစ် ဟာလန်းက ပေါင် ၁၃၀ ဒသမ ၄သန်းနဲ့ အဆင့်၃၊ ဘာစီလိုနာကွင်းလယ်လူ ပတ်ဒရီက ပေါင် ၁၁၅ ဒသမ ၅ သန်း နဲ့ အဆင့် ၄ နေရာတွေမှာရပ်တည်ပါတယ်။

အင်္ဂလန်ကစားသမားတွေထဲမှာ တန်ဖိုးအမြင့်ဆုံးအဖြစ် ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဂမ်က ပေါင် ၁၁၄ ဒသမ ၃ သန်း တန်းဖိုးသတ်မှတ်ခံရပြီး အဆင့်၅ နေရာမှာ ရပ်တည်ပါတယ်။

အဲဒီနောက် မန်စီးတီးတိုက်စစ်မှူး ဖိုဒန်၊ ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်း၊ လစ်ဗာပူး တိုက်စစ်ကစားသမားလူးဝစ်ဒီယက်စ်၊ မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်ဇ်၊ ဘာစီလိုနာ တိုက်စစ်မှူး ဖယ်ရန်တော့ရက်စ်တို့က ထိပ်ဆုံး ၁၀ ဦးစာရင်းမှာအစဉ်လိုက်ရပ်တည်ခဲ့ ပါတယ်။ ထိပ်ဆုံး ၁၀ ဦးအပြင်ဘက်မှာတော့ အင်တာတိုက်စစ်မှူး မာတီနက်ဇ်၊ ဘိုင်ယန်က မူဆီယယ်လာ၊ ဆန်ချို၊ မေဆန်မောင့်၊ ဆာကာတို့အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

1 min Ago
Up