ထိုင်းနိုင်ငံမှာ ဆေးခြောက် စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်၊ သုံးစွဲမှုကို တရားဝင်ခွင့်ပြုလုပ်ပြီးနောက် ဆေးခြောက် ရောင်းချနေတဲ့ ဆိုင်တွေမှာ ထိုင်းပြည်သူတွေ ရှည်ရှည်လျားလျား တန်းစီ စောင့်ဆိုင်း ဝယ်ယူနေကြပါတယ်။
တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဥပဒေတွေအတွက် ကာလကြာရှည် ဂုဏ်သတင်းကြီး ခဲ့ တဲ့ထိုင်းနိုင်ငံမှာ ဒီပြုပြင်ပြောင်းလဲမှုကို ကြိုဆိုခဲ့ကြပြီး ထိုင်းဘတ်ငွေ ၄၅၀ ကနေ ၂၁၀၀ ကြား စျေးနှုန်းနဲ့မျိုးကွဲမျိုးစုံကို ရောင်းချနေတဲ့ ဆိုင်မှာ တန်းစီ စောင့်ဆိုင်း ဝယ်ယူနေကြပါတယ်။
“ဒီလိုနေ့မျိုးကို တခါမှ စိတ်တောင် မကူးကြည့်မိပါဘူး။ ခုတော့ တကယ်ကြီး ဖြစ်လာပြီ။ စိတ်လှုပ်ရှားပြီး ပျော်မိပါတယ်”လို့ စတိုးဆိုင်ပိုင်ရှင်က ပြောပါတယ်။
တရားဝင်ခွင့်ပြုလုက်ပေမဲ့ အာဏာပိုင်တွေဟာ ဆေးခြောက်ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေလုပ်ပြီး သုံးစွဲမှု ကြီးထွားနိုင်ခြေကို ဖြတ်ချနိုင်ဖို့ ရည်မှန်းထားပါတယ်။
ဆေးခြောက်ထဲက တက်ထရာ-ဟိုက်ဒရို- ကန်နာဘီနောလ်ဆိုတဲ့ စိတ်ကြွစေတဲ့ ဂုဏ်သတ္တိရှိတဲ့ ဓာတုပစ္စည်းကို လက်ဝယ်ထားရှိခြင်းနဲ့ ရောင်းချခြင်းတို့ကို ခွင့်မပြုထားပါဘူး။ ဥပဒေကို ဖောက်ဖျက်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်ပါတယ်။
ထိုင်းနိုင်ငံဟာ ဆေးခြောက် စိုက်ပျိုးရေးနဲ့ သုံးစွဲမှုတို့ကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက် ပေးလိုက်တဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။