close

တန်းဆင်းဇုန်

close

May 21, 2022

တန်းဆင်းဇုန်ကလွတ်သွားသည့် အဲဗာတန်ကို အရေးယူရန် ဘန်လေနှင့် လိဒ်အသင်းတို့ တောင်းဆို

ပရီးမီးယားလိဂ်တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားတဲ့ အဲဗာတန်အသင်းကို ပြိုင်ဘက်ဘန်လေ နဲ့ လိဒ်ယူနိုက်တက်အသင်းတွေက အရေးယူဖို့အတွက် ပြင်ဆင်နေပါတယ်။ 

ဘန်လေနဲ့ လိဒ်ယူနိုက်တက် အသင်းတို့ဟာ အဲဗာတန်အသင်းအနေနဲ့ ငွေကြေးသုံးစွဲမှုတွေ လုပ်ဆောင်ရာမှာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ ယုံကြည်နေပြီး စုံစမ်းစစ်ဆေးပေးဖို့အတွက် ပရီးမီးယားလိဂ်ဆီကို စာတင်ထားတယ်လို့ သိရပါတယ်။ 

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ပေါင် ၃၇၁.၈ သန်း အရှုံးပေါ်ခဲ့တယ်လို့ သတင်းထွက်နေပြီး ကစာသမားခေါ်ယူမှုတွေမှာ ငွေကြေးအမြောက်အမြားသုံးစွဲခဲ့ပါတယ်။ 

အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီး အဲဗာတန်ကို အရေးယူနိုင်းခြင်းရှိမရှိကို ပရီးမီးယားလိဂ် တာဝန်ရှိသူတွေနဲ့ တနင်္လာနေ့မှာ ဆွေးနွေးသွားဖို့ရှိပါတယ်။ 

အဲဗာတန်အသင်းဘက်က စည်းမျဉ်းချိုးဖောက်မှု တစုံတရာရှိခဲ့မယ်ဆိုရင် အမှတ်လျှော့ချမယ့် ပြစ်ဒဏ်နဲ့ လိုအပ်သလို အရေးယူနိုင်ဖို့ ဘန်လေနဲ့ လိဒ်ယူနိုက်တက်အသင်းတွေက လိုလားနေပါတယ်။ 

ပရီးမီးယားလိဂ်သမိုင်းမှာ  ၂၀၁၇ ခုနှစ်က ဝက်စ်ဟမ်းအသင်းက ကားလို့စ်တီဗက်စ်ကို ခေါ်ယူရာမှာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတခုချိုးဖောက်ခဲ့တာကြောင့် အဲဒီရာသီက တန်းဆင်းသွားရတဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းကို ပေါင်သန်း ၂၀ လျော်ကြေးပေးခဲ့ရဖူးပါတယ်။ 

8 mins Ago

November 2, 2019

လက်ရှိချန်ပီယံ ပီအက်စ်ဂျီ တန်းဆင်းဇုန်ထဲက ဒီဂျွန်းအသင်းကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်လီဂူး အမှတ်ပေးပွဲစဉ်မှာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အဝေးကွင်းမှာ တန်းဆင်းဇုန်ထဲက ဒီဂျွန်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  ဒီပွဲမှာ ပီအက်စ်ဂျီက တိုက်စစ်မှူး အမ်ဘာပေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဂျွန်းက ချေပဂိုးတွေကို ဒုတိယပိုင်းမှာ ဆက်တိုက်သွင်းယူပါတယ်။  ဒီပွဲမှာ ချန်ပီယံ ပီအက်စ်ဂျီအသင်း ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လည်း ဂိုးပေါက် ကန်သွင်းမှုမှာတော့ ဒီဂျွန်းက အကြိမ်ရေ ပိုများခဲ့ပါတယ်။  အခုရှုံးပွဲဟာ ပီအက်စ်ဂျီအတွက်တော့ ဒီနှစ်ရာသီ အမှတ်ပေးလိဂ်မှာ တတိယမြောက် ရှုံးပွဲလည်း ဖြစ်ပါတယ်။
3 years Ago
Up