close

တပိုင်းလျှပ်ကူးပစ္စည်း

close

July 29, 2022

ပြည်တွင်း ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ကူညီပေးမည့်ဥပဒေကြမ်း အမေရိကန်လွှတ်တော် အတည်ပြု

အမေရိကန်ထုတ် ဆီမီးကွန်ဒတ်တာ တပိုင်းလျှပ်ကူးပစ္စည်းဟာ တရုတ်နဲ့ တခြား နိုင်ငံခြားထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်နိုင်တာကြောင့် ပြည်တွင်း ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ထောက်ပံ့ကူညီပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အမျိုးသားလွှတ်တော်က ဇူလိုင် ၂၈ ရက်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီဥပဒေကြမ်းကို သမ္မတ ဂျိုးဘိုင်ဒင်က တရားဝင်လက်မှတ်ရေးထိုးဖို့ အိမ်ဖြူတော်ဆီ ပေးပို့ခဲ့ပါတယ်။

‘ချစ်ပ်တွေနဲ့ သိပ္ပံ’ ဆိုင်ရာ အက်ဥပဒေကို တနှစ်ကျော် ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက်မှာ ၂ ပါတီစလုံးရဲ့ ထောက်ခံမှုနဲ့ ဆီးနိတ် အထက်လွှတ်တော်မှာ ဇူလိုင် ၂၇ ရက်က အတည်ပြုခဲ့ပါတယ်။

ဥပဒေကြမ်း အတည်ပြုပြီးနောက်မှာ အောက်လွှတ်တော်အမတ်တွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

ဒီဥပဒေကြမ်းဟာ အမေရိကန် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုအတွက် အစိုးရထောက်ပံ့ငွေ ဒေါ်လာ ၅၂ ဘီလီယံလောက် ထောက်ပံ့ပေးထား‌ပြီး ချစ်ပ်စက်ရုံတွေအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွန်ခရက်ဒစ်ဟာ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံတန်ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီဥပဒေဟာ တရုတ်ကို ပိုကောင်းအောင် ယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်သိပ္ပံသုတေသနကို မြှင့်တင်ရာမှာ ၁၀ နှစ်တာ ကာလအတွင်း ဒေါ်လာ ၂၀၀ ဘီလီယံကိုလည်း ခွင့်ပြုမှာဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်ဟာ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကို ငွေကြေးထောက်ပံ့ဖို့အတွက် သီးခြား လျာထားချက်ဆိုင်ရာ ဥပဒေတွေကို အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။

ပုံမှန်အားဖြင့် သူတို့ဟာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ ထောက်ပံ့ကြေးတွေကို ပံ့ပိုးပေးမှာ မဟုတ်ပေမဲ့ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ဟာ သူတို့ရဲ့ ချစ်ပ်ကုမ္ပဏီတွေကို ဘီလီယံနဲ့ချီတဲ့ မက်လုံးတွေ ပေးထားတယ်လို့ မှတ်သားရကြောင်း လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက ပြောပါတယ်။

သူတို့ဟာ အမျိုးသားလုံခြုံရေးအန္တရာယ်တွေနဲ့ ကားတွေကနေ လက်နက်တွေ၊ ဗီွဒီယိုဂိမ်းတွေအထိ ထုတ်ကုန်တွေ ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေမယ့် ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ပြဿနာတွေကိုလည်း ကိုးကားဖော်ပြခဲ့ပါတယ်။

6 mins Ago
Up