close

တပ်မတော်ဆရာဝန်

close

August 13, 2021

ရွှေဘိုမြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် အငြိမ်းစား တပ်မတော်ဆရာဝန် ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးလို့ ဆိုပြီး ဆရာဝန်တစ်ဦး သြဂုတ် ၁၃ ရက် ဒီနေ့ မနက်ပိုင်းက ဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေါက်တာ ထက်ကိုကိုဟာ အငြိမ်းစား တပ်မတော်ဆရာဝန် တစ်ဦးဖြစ်ပြီး ရွှေဘိုမြို့ အမှတ် ၃ ရပ်ကွက်မှာ မေခ ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ကာ ပြည်သူတွေကို  ဆေးကုသ ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦးက “ဒီမနက် ၈နာရီလောက်  မေခဆေးခန်းမှာ ကိုဗစ်ကာကွယ်ဆေးထိုး ပေးလို့ ဆိုပြီး ရဲတွေကလာဖမ်းသွားတယ်။ သူက ဆေးရုံမှာတာဝန်ထမ်းဆောင်နေတာလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။  

ဒေါက်တာ ထက်ကိုကိုဟာ မိသားစုပိုင်တဲ့ မေခဆေးခန်းအပြင် မြတ်စေတနာ နာမည်နဲ့ အခမဲ့ ဆေးခန်းဖွင့်ပြီး ပြည်သူတွေကို အခမဲ့ကုသပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 min Ago
Up