close

တပ်ရင်း ၁

close

September 20, 2021

KNDO တပ်ရင်း ၁ နယ်မြေတွင် ရက် ၂၀ အတွင်း တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွား

ကရင်အမျိုးသားအစည်း (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၁ နယ်မြေအတွင်းမှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ  အာဏာသိမ်းစစ်ကောင်စီနဲ့ KNDO တပ်တွေအကြား တိုက်ပွဲ ၄၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၄၅ ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက် ၃၅ ဦးသေဆုံးကာ ၅၁ ဒဏ်ရာရရှိခဲ့ကြောင်း ကေအန်ယူ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် သံလွင်မြစ်ကမ်းနားရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျရှုံးသွားတဲ့ တပ်စခန်းကို စစ်ကောင်စီဘက် ပြန်လည်တိုက်ယူဖို့ စစ်ရေးလှုပ်ရှားမှုတွေ ပြုနေတယ်လို့ ဆိုပါတယ်။ 

KNDO တပ်ရင်း ၁ ဟာ ဖာပွန်ခရိုင်ဒေသမှာ ဖြစ်ပါတယ်။

14 mins Ago
Up