close

တပ်သတင်းပေး

close

September 11, 2021

ဥတ္တရသီရိမြို့နယ်ရှိ စစ်တပ်သတင်းပေးဆိုသူကို သတ်ပြီးဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်‌ ကြေညာ

နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်တပ်သတင်းပေးသူ အမျိုးသမီးတစ်ဦးကို နေပြည်တော် PDF နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းသတ်ဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ ဗိဿနိုးတပ်မတော်ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်၊ ည ၇ နာရီကျော်လောက်က ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာ အုပ်စု မောင်းရမ်းကျေးရွာနေ စစ်တပ်သတင်းပေးဆိုသူ ဒေါ်ခင်မာဌေးကို နေအိမ်မှာပဲ သတ်ဖြတ်ခဲ့တာပါ။  

ဒါ့အပြင် မကွေးတိုင်းထဲက စစ်ကောင်စီ လက်ပါးစေ၊ သတင်းပေး ဒလန်တွေအပြင် ပြည်သူကို ခြိမ်းခြောက်ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်တပ်နဲ့ ရဲတွေအပါအဝင် CDM မလုပ်တဲ့ ဝန်ထမ်းနဲ့  မိသားစုဝင်တွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို လုံးဝ တာဝန်ယူမှာ မဟုတ်ဘူး လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

အဲဒီအဖွဲ့တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြုတ် တိုက်ခိုက်မယ်လို့ ဆိုထားပြီး ဒီလို တိုက်ခိုက်ရာမှာ ပြည်သူတွေ ပူးပေါင်းဖို့လည်း အသိပေးထားပါတယ်။

3 mins Ago

May 23, 2021

တန့်ဆည်တွင် တပ်သတင်းပေး သေနတ်ဖြင့် ပစ်သတ်ခံရ

တန့်ဆည်မြို့က စစ်တပ်သတင်းပေးတစ်ယောက် ဒီမနက်က သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဟာမြိုင်ရပ်ကွက်နေ တပ်သတင်းပေးဆိုသူဟာ သူ့ရဲ့အိမ်မှာပဲ ပစ်ခတ်ခံရတာ ဖြစ်ပြီး ခေါင်းနဲ့ရင်ဘတ်ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့မိန်းမလည်း သတိလစ်သွားတာကြောင့် ၂ ယောက်လုံးကို ရေဦးမြို့က ဆေးရုံကိုတင်ခဲ့ရပြီး တပ်သတင်းပေးဆိုသူကတော့ ဆေးရုံမှာ သေဆုံးသွားပါတယ်။

သူဟာ အရင်က သစ်မှောင်ခို၊ ရဲသတင်းပေးလုပ်ခဲ့ပြီး အခုကာလမှာလည်း စစ်ကောင်စီရဲ့ အကြီးစားဒလန်တစ်ယောက်ဖြစ်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 months Ago
Up