close

တမူးပြည်သူ့ရဲတပ်ဖွဲ့

close

June 26, 2022

ပြည်သူထောက်ပံ့လှူဒါန်းသည့် လက်နက်များ ရောက်ရှိပြီဟု တမူးပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ပြန်

ပြည်သူလူထုက ထောက်ပံ့လှူဒါန်း‌ပေးတဲ့ လက်နက်တွေ ရောက်ရှိခဲ့ပြီလို့ တမူးမြို့အခြေစိုက် တမူးပြည်သူ့ရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

လက်နက်ဝယ်ယူရတာခက်ခဲပြီး သယ်ယူရမှာလည်း လမ်းကြောင်းအခက်အခဲတွေကြောင့် ကြာမြင့်နေတာဖြစ်ပြီး အခုတော့ လက်နက်တွေ ရောက်ရှိလာပြီလို့ Fighter Police CDM Tamu က ဆိုပါတယ်။

"Fighter Police CDM Tamu အတွက် အလှူရှင်များမှ လှူဒါန်းသော M16A1 တလက် ကျည် ၁၀၀၊ AK 47 တလက် ကျည် ၁၀၀ တို့ရောက်ရှိလာပါပြီဗျ၊ အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ပါတယ်။"

ဒီထက်ပိုပြည့်စုံတဲ့ လက်နက်တွေရရှိနိုင်ဖို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းကြဖို့နဲ့  စစ်အာဏာရှင်ကျဆုံးရေးအတွက် အစွမ်းကုန်တော်လှန်သွားမယ်လို့ တမူး PDF က ဆိုပါတယ်။

လတ်တလောမှာတော့ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ထိုးစစ်ဆင်နေမှုကို ခံနေကြရပြီး စစ်ကောင်စီတပ်နဲ့ တမူး PDF တပ်ဖွဲ့ဝင်များကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် တမူးမြို့နယ်နဲ့ ကလေးမြို့နယ်ကြားကိုလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ဆင်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ ဇွန် ၂၂ ရက်နေ့ကစပြီး ကလေး-တမူး လမ်းကြောကို ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ တမူး PDF က သတိပေးထားပါတယ်။

6 mins Ago

April 18, 2022

တမူး နန်းဖာလုံဈေးတွင် စစ်တပ်ပိုင်ထုတ်ကုန်များ ဝယ်ယူရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေး

စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်ရှိ နန်းဖာလုံဈေးမှာ ဧပြီ ၁၇ ရက်က CDM အာဏာဖီဆန်လှုပ်ရှားမှုမှာ ပါဝင်တဲ့ တမူးပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေကို စစ်တပ်ပိုင် ထုတ်ကုန်တွေ သယ်ယူရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးဆောင်ရွက်နေစဉ်အတွင်း စစ်တပ်နဲ့နီးစပ်တဲ့ ဒေသခံတဦးက ခမရ-၂၆၆ မှ ဗိုလ်ကြီးဝဏ္ဏဖြိုး ပိုင်ဆိုင်တဲ့ Apache ဆိုင်ကယ်ကို မောင်းနှင်လာတာကို စစ်ဆေးတွေ့ရှိတာကြောင့် သိမ်းဆည်းထားလိုက်တယ်လို့ တမူးပြည်သူ့ရဲတပ်ဖွဲ့က ဆိုပါတယ်။

တမူးပြည်သူ့ရဲ့တပ်ဖွဲ့ဝင်တစ်ဦးက “ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက စစ်တပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သယ်ယူ‌တာတော့ မတွေ့ရဘူး။ ကျနော်တို့ စစ်ဆေးနေစဉ်အတွင်း စစ်ကောင်စီက ဗိုလ်ကြီးဝဏ္ဏဖြိုးရဲ့ ဆိုင်ကယ်တော့ သိမ်းဆည်းခဲ့တယ်”လို့ ပြောပါတယ်။

နောက်နောင် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေကို ရောင်းဝယ်သယ်ယူတာ မလုပ်ဖို့နဲ့ စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းအရေးယူသွားမယ်လို့ တမူးပြည်သူ့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၄ ရက်ကလည်း တမူးမြို့ ကလေးမိုင်ကင်းစခန်းကို တမူး PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး ကျဆုံးခဲ့ပါတယ်။

2 months Ago
Up