close

တမူးPDF

close

July 14, 2022

စစ်တပ်ထုတ်ကုန် ဘီယာများကို တမူး PDF ပူး‌ပေါင်းတပ်ဖွဲ့က ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် ဘီယာတွေ စစ်‌ဆေးတွေ့ရှိခဲ့တာကြောင့် ဖျက်ဆီးပစ်ခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။

ကလေး-တမူး အာရှလမ်းမကြီးပေါ် တမူးမြို့အဝင်မှာ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ/မရှိကို တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အခုလိုစစ်ဆေးနေစဉ် ဇူလိုင် ၁၃ ရက်က ကလေးမြို့မှ တမူးမြို့ကို မောင်းနှင်လာတဲ့ ကုန်တင်ကားတစီးကို ရပ်တန့်ရှာဖွေခဲ့ရာ စစ်တပ်ထုတ်ကုန် ဘီယာဖာတွေကို စစ်‌ဆေးတွေ့ရှိခဲ့တာပါ။

တမူး PDF တပ်ရင်း ၄ တာဝန်ရှိသူတဦးက “ကုန်တင်ကားကိုရပ်ပြီး စစ်ဆေးခဲ့တာပါ။ အဲ့ဒီကားနဲ့ပဲ မြန်မာဘီယာဖာတွေကို တက်နင်းခိုင်းပြီး ဖျက်ဆီးပစ်ခဲ့တာပါ။ ကားသမားကို‌တော့ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့ပါဘူး” လို့ ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ဘီယာတွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) နဲ့ ပူးပေါင်းတပ်ဖွဲ့က ဖျက်ဆီးပစ်ပြီး ဆက်လက်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ကာ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေကို သယ်ယူဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့လည်း တမူး PDF က  ထပ်မံသတိပေးထားပါတယ်။

ဇွန် ၂၀ ရက်ကလည်း ကလေး-တမူး အာရှလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီးကို  ရပ်တန့်စစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် ဘီယာ ၉၈ ဖာ စစ်ဆေးတွေ့ရှိလို့  ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။

12 hours Ago

June 22, 2022

တမူး-ကလေး လမ်းကြောင်းကို အသွားအလာ မပြုလုပ်ရန် တမူး PDF သတိပေး

စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ကလေးမြို့အကြားမှာရှိတဲ့ ကားလမ်းမတွေနဲ့ လမ်းကြောင်းတွေပေါ်မှာ ဇွန် ၂၂ ရက်ကစပြီး တရွာနဲ့တရွာ ကူးလူးသွားလာတာတွေ မလုပ်ဖို့ တမူး PDF အဖွဲ့က သတိပေး တားမြစ်လိုက်ပါတယ်။

အခုလို သတိပေးရတာဟာ ဒေသတွင်းမှာ စစ်ရေးတင်းမာနေလို့ဖြစ်ပြီး အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် ကုန်စည်စီးဆင်းမှုအတွက် သွားလာနေကြတဲ့ ကျေးရွာတွင်း ချိတ်ဆက်ကားတွေအနေနဲ့ သွားလာတာမပြုဖို့ တမူးPDF က သတိပေးထားတာပါ။

တမူး PDF တပ်ရင်း ၂ တာဝန်ရှိသူတဦးက “တမူး-ကလေး ကားလမ်းကြောင်းမှာပဲ တိုက်ပွဲက ၂ နေရာဖြစ်နေတာ။ ခရီးသွားပြည်သူတွေအနေနဲ့ ကျနော်တို့တပ်ရင်းတွေရဲ့ သတိပေး ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြပါ။ ကျနော်တို့ တမူးနယ်မှာ စစ်ရေးတွေ အရှိန်အဟုန် မြှင့်တင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးက ဒေသခံတွေလည်း ဘေးလွတ်ရာဒေသမှာ ရှောင်တိမ်းနေထိုင်ပေးကြပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြတ်သန်းသွားလာမှုတွေကိုလည်း စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး မြေပြင်အဖွဲ့တွေက လမ်းပိုင်းနေရာတွေမှာ စစ်ဆေးမေးမြန်းတဲ့အခါ ကြည်ဖြူစွာနဲ့ အစစ်ဆေးခံကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

အချိန်အခါမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ တမူး PDF အဖွဲ့က အသိပေး ကြေညာထားပါတယ်။

3 weeks Ago
Up