close

တမ္ပဝတီအုပ်ချုပ်ရေးမှူး

close

May 6, 2021

မန္တလေးတွင် တမ္ပဝတီအုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

မန္တလေးမြို့မှ မေလ ၆ ရက် မနက် ၁၁ နာရီလောက်က  တမ္ပဝတီအုပ်ချုပ်ရေးမှူး ဦးအောင်မိုး ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

“အရွယ်လူငယ်နှစ်ယောက်က ဆိုင်ကယ်ချင်းယှဉ်မောင်းပြီး  ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့တာ အုပ်ချုပ်ရေးမှူးမှာ တစ်ပြလောက်အထိ ဆိုင်ကယ်ဆက်မောင်းနိုင်ပြီးမှ ဇက်ကြိုးသေသွားတာ” လို့ ဒေသခံကပြောပါတယ်။  

လက်ရှိမှာ အခင်းဖြစ်ရာ နေရာအနီးနားက CCTV တွေကို ရဲနဲ့ စစ်သားတွေလာစစ်နေပြီလို့ သိရပါတယ်။ မန္တလေးမှာ ဒီကနေ့ နေရာအနှံ့ ဗုံးကွဲသံတွေလည်း ကြားနေရပါတယ်။

4 mins Ago
Up