close

တမ္ပဝတီ မြို့ဟောင်းဈေး

close

July 31, 2021

မန္တလေး တမ္ပဝတီ မြို့ဟောင်းစျေးနားတွင် အမျိုးသား ၁ ဦး အသတ်ခံရ

မန္တလေး တမ္ပဝတီ မြို့ဟောင်းစျေးနားမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်  ဇူလိုင် ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က အမည်မသိလူတစ်စုက ဓားနဲ့ထိုးသွားတာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စျေးအနီးနေ ပြည်သူတဦးက “သူ့ကို စစ်တပ်ဘက်က ကားနဲ့ မနက်တခါ ညနေတခါ လာခေါ်တယ်။ သူ့ကို စစ်ကောင်စီက ဒလန်ခန့်ထားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

အဲဒီအမျိုးသားဟာ ရပ်ကွက်အတွင်း မဲဆွယ်ကာလကတည်းက ကြံ့ခိုင်ရေးပါတီဘက်ကနေ မဲဆွယ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး သူ သတင်းပေးလို့ ရပ်ကွက်ထဲက လူငယ်တချို့ လက်ရှိအချိန်ထိ ရှောင်နေရသလို ဆန္ဒပြ မိန်းကလေးတစ်ဦးလည်း ပုဒ်မ ၅၀၅(က) နဲ့ အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက “စစ်ကောင်စီနဲ့ ဒလန်သတင်းပေးတွေက ပြည်သူတွေကို  လုပ်ခဲ့သလို အခု မင်းတို့အလှည့်ကို ရောက်လာလိမ့်မယ်ဆိုတာ ဒါသက်သေပဲ။ မှားနေတာ သိသိလျက်နဲ့ အမှားဘက်မှာပဲ ဆက်နေနေမယ်ဆိုရင် အမှန်တရားဘက်တော်သားတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မယ်” လို့ ပြောပါတယ်။

10 mins Ago
Up