close

တယ်လီနောမြန်မာ App

close

November 9, 2021

တယ်လီနောမြန်မာ App တွင် အလုပ်အကိုင်ရှာဖွေသူများအတွက် ဝန်ဆောင်မှုထည့်သွင်း

အလုပ်အကိုင်ရှာဖွေသူတွေအတွက် အွန်လိုင်းကနေ ရှာဖွေနိုင်ဖို့ တယ်လီနောမြန်မာက သူတို့ရဲ့ App မှာ လုပ်ဆောင်ချက်အသစ်ကို ထပ်ပြီး ထည့်သွင်းလိုက်ပါတယ်။

မိုင်တယ်လီနောရဲ့ နောက်ဆုံးဗားရှင်းမှာ Find.job ဆိုတဲ့ လုပ်ဆောင်ချက်ပါဝင်လာတာဖြစ်ပြီး အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်တဲ့ MyJobs နဲ့ လက်တွဲလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ သုံးလို့ရမှာဖြစ်ပြီး တယ်လီနောက ခေါ်ယူတဲ့ အလုပ်အကိုင်တွေကိုရော တခြားကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေကိုရော ရှာဖွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေကတော့ တယ်လီနော App မှာ ဝင်ရောက်ပြီးရင် အလုပ်အကိုင် Web Portal ထဲကို ဝင်ရောက်ရမှာဖြစ်လို့ သုံးစွဲတဲ့ ဒေတာကုန်ကျမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Find.job မှာ အလုပ်အကိုင်ရှာဖွေတာအပြင် တယ်လီနောနဲ့ MyJobs တို့ရဲ့ ဆောင်းပါးတွေကိုလည်း ဖော်ပြထားပြီး ဖိုရမ်၊ အသိပေးချက်လို အစီအစဉ်တွေကိုလည်း ထည့်သွင်းမယ်လို့ ဆိုပါတယ်။

1 min Ago
Up