close

တရားမဝင်ကောလ်စင်တာဖွင့်မှု

close

June 22, 2021

မယ်ဟောင်ဆောင်၌ တရားမဝင်ကောလ်စင်တာဖွင့်မှုဖြင့် မြန်မာအပါအဝင် ၅၃ ဦး ဖမ်းဆီးခံရ

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်မြို့နယ်ထဲမှာ တရားမဝင် တယ်လီဖုန်းကောလ်စင်တာဖွင့်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ မြန်မာနိုင်ငံသား ၁၂ ဦးအပါအဝင် တရုတ်နဲ့ ဖိလစ်ပိုင်တို့ ပါတဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၃ ဦး ဖမ်းဆီးခံရတယ်လို့ မယ်ဟောင်ဆောင်ခရိုင် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

မယ်ဟောင်ဆောင်မြို့ပြင် မောက်စံပယ်ကျေးရွာအုပ်စု ရတ်ထိုင်းကျေးရွာရှိ Resort တစ်ခုထဲမှာ မသင်္ကာဖွယ် နိုင်ငံခြားသား ၆၀ ကျော် ရောက်ရှိနေပြီး ဟိုတယ်ထဲကိုလည်း အပြင်လူပေး မဝင်ကြောင်း၊ ကိုဗစ် ၁၉ စစ်ဆေးမှုမရှိဘဲ နိုင်ငံထဲဝင်လာသူတွေ ပါလာမှာ စိုးရိမ်မကင်း ဖြစ်ကြောင်း အနီးနားရှိ ရွာသားတွေ တိုင်ကြားချက်အရ အဆိုပါ Resort ကို  ၁ လကြာ စုံစမ်း ထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ မယ်ဟောင်ဆောင်ခရိုင် အထူးစုံစမ်းစစ်ဆေး ရေးတပ်ဖွဲ့ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး ကျီရဖုပ်ဖူရီတေချ်က မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

စုံစမ်းချက်အရ အထက်တန်းစားလို အဆင့်မြင့်နေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ အဆိုပါ Resort တစ်ခုလုံးကို ငှါးရမ်းထားပြီး လုပ်ငန်းကဲ့သို့အစည်းဝေးထိုင် တယ်လီဖုန်းကိုယ်စီ တပြိုင်နက် အသုံးပြုကာ  တာဝန်ခွဲဝေမှုရှိကြောင်း၊ ရွာသားတွေကို Resort လုံခြုံရေးအတွက်ငှါးရမ်းထားပြီး အပြင်လူပေးမဝင်ဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် အထူးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ၊ အုပ်ချုပ်ရေးဌာန၊ နယ်မြေရဲစခန်းနဲ့ လဝက ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ပူးပေါင်းအဖွဲ့ဟာ အဆိုပါ Resort ကို ဇွန်လ ၂၀ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ကြပါတယ်။

Resort ခြံဝင်းထဲရှိ နေရာ ၆ နေရာကနေ တရားမဝင် ဝင်ရောက်နေထိုင်သူ  တရုတ် ၄၀ ဦး၊ မြန်မာ ၁၂ ဦးနဲ့ ဖိလစ်ပိုင် ၁ ဦးစုစုပေါင်း  နိုင်ငံခြားသား ၅၃ ဦး တို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ သူတို့တွေဟာ တရုတ်နိုင်ငံကူးလက်မှတ်အတုပြုလုပ်တာ၊ တယ်လီဖုန်း ကောလ်စင်တာဖွင့်ပြီး ပရိုဖိုင်းအတုနဲ့ ဒစ်ဂျစ်တယ်လ်စနစ် ငွေရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်လိမ်လည်နေကြတာလို့ဆိုပါတယ်။  အလိမ်ခံရသူတွေကတော့ အထူးသဖြင့် တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ 

ဒါ့အပြင် အခွန်ရှောင်စီးကရက် ၉၄၀၀ ဘူးနဲ့  စားပွဲပေါ်မှာ ကစားလက်စ ဖဲချပ်ပေါင်း ၂၉၇၀ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့တွေဟာ ထိုင်းနိုင်ငံထဲကို ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသကနေရော၊ ထိုင်းမြောက်ပိုင်းဘက်ကပါ တောလမ်းကနေတရားမဝင် ဝင်ရောက်လာတာလို့ ဆိုပါတယ်။ 

ထိုင်တာဝန်ရှိသူတွေက သူတို့အားလုံးကို တရားမဝင်နိုင်ငံထဲဝင်ရောက်မှု၊ ကိုဗစ်-၁၉ ဥပဒေ ချိုးဖောက်မှု၊ ခွင့်ပြုချက်မရဘဲ ကောလ်စင်တာတည်ထောင်မှု၊ စာရွက်စာတမ်းတုပမှု၊ လိမ်လည်မှု တွေနဲ့ အရေးယူသွားဖို့ စီစဉ်နေပါတယ်။ 

6 mins Ago
Up