close

တရားမဝင်နိုင်ငံခြားသား

close

February 9, 2023

ထိုင်းနိုင်ငံ စက်ရုံ ၃ ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃၀ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ လယောင်ခရိုင်၊ ပလွှက်ဒန်င်မြို့နယ်မှာရှိတဲ့ စက်ရုံသုံးရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထား စာရွက်စာတမ်း မှန်ကန်မှုမရှိတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၈ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပလွှက်ဒန်င်မြို့နယ် မာ့ယန်ဖော်ကျေးရွာမှာရှိတဲ့ စက်ရုံ ၃ ရုံမှာ တရားမဝင် နိုင်ငံခြားသားတွေ ဝင်ရောက် အလုပ်လုပ်ကိုင်နေတယ်လို့ သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် အလုပ်သမားတွေရဲ့ အထောက်အထားတွေကို စစ်ဆေးခဲ့ရာမှာ အလုပ်ရှင်အဟောင်းက အလုပ်ရှင်အသစ်ဆီကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြောင်း စာရင်းမရှိတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာအလုပ်သမား ၅ ဦး၊ စုစုပေါင်း အယောက် ၃၀ တို့ကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အခုလို ဖမ်းဆီးအရေးယူခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူတွေကို ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ဖို့ ပလွှက်ဒန်င်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

4 mins Ago

June 5, 2020

မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နိုင်ငံခြားသား ၇ ဦးဖမ်းမိ

မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံ ၄ နိုင်ငံက နိုင်ငံခြားသား ၇ ဦးကို ဖမ်းမိခဲ့သလို နိုင်ငံဂျီးရီးယားနိုင်ငံသား ၁ ဦးနဲ့  မြန်မာနိုင်ငံသား ၁ ဦးတို့ကိုလည်း မူးယစ်ဆေးဝါး ကျပ် သိန်း ၃၀ ဖိုးနဲ့  အတူဖမ်းဆီးရမိပါတယ်။ မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝကတို့ပါဝင်တဲ့ တာဝန်ရှိသူတွေ က ဇွန် ၄ ရက်နေ့မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့တာပါ။  အဲဒီလိုစစ်ဆေးရာမှာ မုဒိတာအိမ်ရာ၊ တိုက် (A) အခန်းအမှတ် ၇၁၅ မှာ ဆေးခြောက် ၁၅၆ ဂရမ်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၄၄ (ကာလတန်ဖိုး သိန်းသုံးဆယ်ဝန်းကျင်) လက်ကိုင်ဖုန်းသုံးလုံး၊ မူးယစ်ဆေးဝါးရောင်းချရတဲ့ ငွေလို့ယူဆရတဲ့ ငွေ ၈၂၀၀၀ ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေနဲ့အတူ နိုင်ငံဂျီးယီးယား ၁ ဦးနဲ့ မြန်မာအမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ဒီဗွီဘီကို ပြောပါတယ်။ သူတို့ နှစ်ဦးကိုတော့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေနဲ့ ဘုရင့်နောင်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားဝင်နေထိုင်တာမဟုတ်တဲ့ ကိုးရီးယားနိုင်ငံသား ၂ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦး၊ ဂါနာနိုင်ငံသား ၁ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး စုစုပေါင်း ၇ ဦးတို့ကိုလည်း လဝက အက်ဥပဒေနဲ့ အရေးယူသွားမယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အဲဒီအိမ်ရာဝင်းထဲမှာ တခြားနေထိုင်တဲ့ ကိုရီးယားနိုင်ငံသား ၂၄ ဦး၊ တရုတ်နိုင်ငံသား ၃ ဦး၊ အမေရိကန်နိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၆ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ နီပေါနိုင်ငံသား ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး စုစုပေါင်း ၄၁ ဦးကတော့  သတင်းတိုင်ကြားပြီး တရားဝင်နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားမဝင်နေထိုင်သူတွေ နေတဲ့ တိုက်ခန်းပိုင်ရှင်တွေကိုလည်း လဝက ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ လဝကတာဝန်ရှိသူတွေကို မေးမြန်းဖို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေက အမျိုးသမီးတွေအပေါ် နှောင့်ယှက်နေတဲ့ကိစ္စ  တိုင်းအစိုးရတာဝန်ရှိသူတွေက အရေးမယူတာကြောင့် ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမယ်လို့ မရမ်းကုန်းမြို့နယ်လွှတ်တော်အမတ်က ပြောဆိုခဲ့တဲ့အကြောင်း ဇွန်လ ၃ ရက်မှာ ဒီဗွီဘီကလည်း သတင်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒီသတင်းတွေထွက်လာပြီးနောက် မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝက အစရှိတဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။
3 years Ago
Up