close

တရားမဝင် ခိုးဝင်

close

November 24, 2021

တရက်တည်း ထိုင်းဘက်ခိုးဝင် မြန်မာအယောက် ၉၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၈၇ ယောက်နဲ့ ထိုင်းအမျိုးသားယာဉ်မောင်းတယောက်ကို နိုဝင်ဘာ ၂၃ တရက်တည်းတင် ကင်းလှည့်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တရက်တည်းတင် ၂ ကြိမ်ဖမ်းမိခဲ့တာဖြစ်ပြီး ပထမတကြိမ်ကတော့ မနက်အစောပိုင်း ၁ နာရီကျော်လောက်မှာ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပါဝင်တဲ့ နယ်စပ်ကင်းလှည့်တပ်ဖွဲ့က ထောင်ဖာဖွန်ခရိုင်ထဲက ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ယာဉ်စစ်ဆေးဖို့ တားဆီးရာမှာ မရပ်ဘဲ မောင်းနှင်ထွက်ပြေးတဲ့ ကားတစီးကို လိုက်လံဖမ်းဆီးရာကတဆင့် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖမ်းဆီးရမိမှုမှာတော့ အသက် ၃၉ နှစ်အရွယ် ထိုင်းအမျိုးသားယာဉ်မောင်း ချွန်လာချိုင် ချိုမြောင်ကိုပါ ကားပေါ်တင်ဆောင်လာတဲ့ တရားမဝင်မြန်မာအယောက် ၃၀ နဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာတော့ ကားပေါ်တင်ဆောင်လာတဲ့ မြန်မာတွေကို စမွတ်ဆခွန်နဲ့ စမွတ်ဆောင်ခရန်ခရိုင်တွေဆီ ပို့ဆောင်ပေးဖို့ ငှားရမ်းခဘတ် ၃ သောင်းနဲ့ လက်ခံခဲ့တာဖြစ်ပြီး အရင်ကလည်း သူဟာ ခုလိုပို့ဆောင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရသူ မြန်မာတွေကို ဖျားနာနေတာမျိုးရှိ၊ မရှိ ကိုယ်ခန္ဓာအပူချိန်တိုင်းတာမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာတော့ သံသယဖြစ်စရာမတွေ့ရှိရဘဲ လက်ရှိမှာတော့ သူတို့ကို ထောင် ဖာဖွန်ခရိုင်ရဲစခန်းကို လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်းမှာပဲ မနက် ၆ နာရီလောက်မှာ နောက်ထပ်နယ်စပ်ကင်းလှည့်တပ်ဖွဲ့တဖွဲ့က မြန်မာ ၅၇ ယောက်ပါဝင်တဲ့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အုပ်စုတစုကို ထပ်မံပြီးတော့ ဖမ်းမိခဲ့ပါတယ်။

သူတို့ထဲမှာတော့ မြန်မာအမျိုးသား ၃၇ ယောက်နဲ့ အမျိုးသမီးအယောက် ၂၀ ပါဝင်ပြီး ဆန်ခလာဘူရီခရိုင်ထဲက ရာဘာတောတခုထဲမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ရဲတွေက စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ တယောက်ကို ပွဲစားခဘတ် ၂၅,၀၀၀ ကနေ ၂၈,၀၀၀ ထိ ပေးခဲ့ကြရပြီး ဆမွတ်ဆခွန်၊ ဘန်ကောက်၊ နွန်ထဘူရီနဲ့ ချွန်ဖွန်ဒေသ တွေမှာ အလုပ်လုပ်ဖို့ ခုလိုဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာလို့ ပြောပါတယ်။

14 mins Ago

October 18, 2020

တရားမဝင် ခိုးဝင်လာသည့် မြန်မာ ၁၂ ဦး မဲဆောက်တွင် ဖမ်းမိ

ကိုဗစ်-၁၉ ရောဂါကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့ မြဝတီ-မဲဆောက်နယ်စပ် မဲဆောက်မြို့ဘက် ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦး ဖမ်းမိတယ်လို့ သိရပါတယ်။ မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့နယ်စပ်မှာ ထိုင်း လ.ဝ.က အပါအဝင် ပူးပေါင်းအဖွဲ့က ကင်းလှည့်နေစဉ် တရားမဝင် ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးမိခဲ့တာာလို့ သိရပါတယ်။ ခိုးဝင်လာသူ ၁၂ ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကို အပ်ပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။ မြဝတီမြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်း ရွှေ့ပြောင်းမြန်မာ နှစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီး ထိတွေ့သူ ၉ ဦးကို စစ်ဆေးချက်အရ ၃ ဦးမှာ အောက်တိုဘာ ၁၇ ရက်နေ့က ပိုးတွေ့ရှိခဲ့ပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ယာယီပိတ်သွားမယ်လို့ တပ်ခ်ခရိုင်မှူးက ပြောကြားထားပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးတွေ့ရှိခဲ့တဲ့ မဲဆောက်မြို့ ထုံထောက် ရပ်ကွက်ကို အသွားအလာကန့်သတ်ထားသလို စာသင်ကျောင်း ၅ ကျောင်းကိုလည်း ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း မြန်မာဘက်ခြမ်းကနေ ဝင်လာတဲ့ ကုန်တင်ကားပေါ်က မြန်မာ ၂ ဦးထံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတာကို တွေ့ရှိပြီးတဲ့နောက် ထိုင်းဘက်ခြမ်းက ပြည်သူတွေဟာ မြန်မာဘက်ကနေ လူရော ကုန်တင်ကားပါ အဝင်မခံဖို့ အမှတ်-၂ ချစ်ကြည်ရေး တံတားကို ပိတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။  သတင်း - ဖိုးစီ
1 year Ago
Up