close

တရားလွှတ်တော်ရုံး

close

October 7, 2022

ရန်ကုန်တရားလွှတ်တော်ရုံးရှေ့ စာတန်းချိတ်ဆွဲသည်ဆိုပြီး လူငယ် ၁ ဦးကို စစ်တပ်ကဖမ်းဆီး

ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့ ခြံစည်းရိုးမှာ စာတန်းချိတ်ဆွဲတယ်ဆိုပြီး ဒီကနေ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လူငယ်တယောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။

ကျောက်တံတားမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းမပေါ်ရှိ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့ ခြံစည်းရိုးမှာ ဒီကနေ့ညနေ ၃ နာရီခွဲက လူငယ်နှစ်ဦး စာလာချိတ်တယ်ဆိုပြီး စစ်ကောင်စီတပ်တွေက လိုက်လံဖမ်းဆီးခဲ့တာလို့ မဟာဗန္ဓုလပန်းခြံအနီး နေထိုင်သူတယောက်က ပြောပါတယ်။

“စစ်တပ်နဲ့ ရဲတွေ လိုက်ဖမ်းတာ ကောင်လေးကိုမိသွားပြီး စစ်တပ်က ထိုးကြိတ်ပြီး ခေါ်လာတာ။ စာချိတ်တယ်၊ မချိတ်တယ်ဆိုတာတော့ မသိဘူး။ ဖမ်းလာတာတော့တွေ့တယ်။”

ဖမ်းဆီးရမိတဲ့ လူငယ်ကို စစ်တပ်က ကျောက်တံတားမြို့မရဲစခန်းကို ခေါ်သွားပြီး မှတ်ပုံတင် ဓာတ်ပုံတွေရိုက်ကာ စစ်ကားနဲ့ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။

“မိတဲ့ကောင်လေးက သာကေတကလို့ သိရတယ်။ နာမည်တော့မသိဘူး။ စစ်တပ်က ရဲစခန်းကနေ ပြန်ခေါ်သွားတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေက ဆူးလေနဲ့အနီးတဝိုက်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ လူငယ်တယောက်ကို လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

12 hours Ago

April 17, 2022

မန္တလေးတိုင်း တရားလွှတ်တော်ရုံး သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၆၈ လမ်း၊၁၀၄ လမ်း နဲ့ ၁၀၅ လမ်းကြားရှိ မန္တလေးတိုင်းတရားလွတ်တော်ရုံးကို ဧပြီ ၁၇ ရက် မနက် ၁၀ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် စစ်ကောင်စီတပ်သားတွေ စောင့်တဲ့ အစောင့်ကင်းရုံးကို ထိမှန်ခဲ့ပြီး မှန်ကွဲပျက်စီးတာရှိခဲ့တယ်လို့ သိရပါတယ်။

“အရင်တိုင်းတရားရုံးက လမ်း ၃၀ မှာ အခု ၆၈ လမ်းက ရုံးအသစ်မှာရွှေ့ထားတာ။ အမှုစစ်တာတွေ ဘာတွေတော့ လုပ်နေပြီ။ ရုံးရှေ့မှာ အစောင့်တော့ ချထားတယ်။ ဒီနေ့တော့ နှစ်ဆန်းတရက်ဆိုတော့ လူမရှိလောက်ဘူး” လို့ ရှေ့နေတဦးက ပြောပါတယ်။

မန္တလေးတိုင်း တရားလွှတ်တော်ရုံးဘေးမှာ မန္တလေးတိုင်း ဥပဒေချုပ်ရုံးရှိပြီး ဖေဖော်ဝါရီ ၂၂ ရက် က မန္တလေးတိုင်း ဥပဒေချုပ်ရုံးအနီးမှာ လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့ပါသေးတယ်။

6 months Ago
Up