close

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်

close

December 28, 2022

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို  မန္တလေး အိုးဘိုထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၂၇ ရက်မှာ   ထောင်ဒဏ် ၁၅  နှစ် ချမှတ်လိုက်တယ်လို့  တရားရေးအသိုင်းအဝိုင်းက သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုကာ မနေ့က အမိန့်ချခဲ့တာပါ။

မန္တလေးက ရှေ့နေတဦး“ဒီနေ့ထောင်တွင်း တရားရုံးကနေ ဒေါ်ရွက်နုအောင်ကို အမိန့်ချတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့။ ပုဒ်မ ၅၀ (ည) ဆိုတာ ငွေကြေးထောက်ပံ့တာတို့ ဘာတို့ပေါ့။” လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

4 mins Ago

April 28, 2022

အန်အယ်လ်ဒီ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အပါအဝင်  အစိုးရအဖွဲ့ဝင်တွေ  အန်အယ်လ်ဒီပါတီဝင်တွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ဒေါ်ရွက်နုအောင်ကို ရုံးက အပြန်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး သူနဲ့ အတူပါတဲ့ ရှေ့နေတယောက်ကိုပါ ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေတဦးက “မနေ့က ညနေပိုင်းက ဖမ်းဆီးခံရတာတဲ့။ အန်အယ်လ်ဒီ ဘက်ကလည်း ဖမ်းခံရတာ သေချာသွားပြီလို့ ပြောတယ်။ သူနဲ့အတူ သူ့တပည့် တယောက်လည်း ဖမ်းခံရတယ်လို့ ပြောတယ်။ အခုဟာ စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းချင်သလိုတွေ ဖမ်းနေတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် အန်အယ်လ်ဒီ ပါတီဝင် တဦးဖြစ်ပြီး ဘယ်မှာ လတ်တလောသူ့ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

8 months Ago
Up