close

တရားသူကြီးချုပ်

close

November 1, 2021

ရှမ်းပြည်နယ်တရားသူကြီးချုပ် နေအိမ်နှင့် စည်ပင်ညွှန်မှူးခြံဝင်းအတွင်း ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်မှာရှိတဲ့  ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ အောက်တိုဘာ ၃၀ ရက်ညက ပေါက်ကွဲသံတချို့ ထွက်ပေါ်လာပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

တရားသူကြီးချုပ် ဦးကြွယ်ကြွယ်အိမ်မှာ လူနေထိုင်ခြင်း မရှိတာကြောင့် ပေါက်ကွဲမှုမှာ လူတွေထိခိုက်တာမရှိသလို မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကိုလည်း မသိရသေးပါဘူး။

ဦးကြွယ်ကြွယ်ဟာ ကြံ့ခိုင်ရေးပါတီ လက်ထက်၊ အန်အယ်လ်ဒီ အစိုးရလက်ထက်နဲ့ အခုအာဏာသိမ်းစစ်ကောင်စီကာလအထိ အဆက်ဆက် ပြည်နယ်တရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်လာခဲ့သူ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်ညပိုင်းကလည်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၂) မှာရှိတဲ့ ရှမ်းပြည်နယ်စည်ပင်သာယာညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း နေအိမ်ဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် စည်ပင်သာယာညွှန်မှူးဦးစိုင်းထွန်းထွန်းဟာ စစ်တပ်မှ အသွင်ပြောင်းလာသူဖြစ်ပြီး ဌာနတွင်း CDM ဝန်ထမ်းတွေကို လက်‌ထောက်ချ ဖမ်းဆီးအရေးယူခိုင်းတာတွေ ရှိနေတယ်လို့လည်း ‌မြို့ခံတွေက ပြောပါတယ်။

2 mins Ago

February 2, 2021

တရားသူကြီးချုပ်၊ လူ့အခွင့်အရေးကော်မရှင်နှင့် အဂတိကော်မရှင် ဥက္ကဋ္ဌများကို စစ်အစိုးရက ခန့်အပ်

ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေကို မိမိတို့ရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တွေနဲ့ တရားလွှတ်တော် တရားသူကြီးတွေကိုလည်း မိမိတို့ရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ တာဝန်ပေးအပ်လိုက်တယ်လို့ဆိုတယ်။ 

ဒါ့အပြင်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်တွေကိုလည်း မိမိတို့ရဲ့ မူလတာဝန်တွေ ဆက်လက်ထမ်းဆောင်ကြဖို့  ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့  သီးခြားထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်အာဏာကို  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ခုလို ခန့်အပ်တာဝန်ပေးအပ်လိုက်တာပါ။ 

9 months Ago
Up