close

တရားသူကြီး

close

November 11, 2022

ကောလင်းတရားရုံး ဗုံးပေါက်ကွဲ၊ တရားသူကြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းမြို့နယ် တရားရုံးမှာ နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီလောက်က ပါဆယ်ဗုံးပေါက်ကွဲပြီး စစ်ကောင်စီခန့် တွဲဖက်တရားသူကြီးတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက် ပေါက်ကွဲတာ ဟုတ်ပါတယ်။ ဗုံးအမျိုးအစားတော့မသိဘူး၊ သေတာလည်းဟုတ်တယ်၊ ဘရန်စိုင်း၊ မြစ်ကြီးနားဇာတိ၊ မိန်းမနဲ့ ကလေး ၂ ယောက်ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အွန်လိုင်းသတင်းမှာတော့ တွဲဖက်တရားသူကြီးလို့ ရေးသားဖော်ပြထားပေမဲ့ သေဆုံးသူနဲ့ရင်းနှီးတဲ့ ဝန်ထမ်းတဦးကတော့ ဦးစီးလို့ ပြောဆို‌ရေးသားထားပါတယ်။

ကောလင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အစစ်အဆေး တင်းကျပ်ထားပေမဲ့ စစ်ကောင်စီတပ်သားအင်အား နည်းပါးနေပြီး စစ်ဆေးရေးမရှိတာ ၂ ရက်လောက်ရှိချိန် အခုလို ပေါက်ကွဲမှုဖြစ်တာလို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

7 mins Ago

July 16, 2022

မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီး ဦးစန်းလင်းဟာ ဇူလိုင် ၁၅ ရက် မနေ့ညပိုင်းက အိမ်ပြန်နေချိန် ကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

မရမ်းကုန့်းမြို့နယ်မှာနေတဲ့ တရားသူကြီးဟာ အငှားကားနဲ့ အိမ်ပြန်ချိန် ပစ်ခတ်ခံရလို့ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး  ရန်ကုန်အခြေစိုက်တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ Special Task Agency of Burma အဖွဲ့ကတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယာဉ်မောင်းဒဏ်ရာ မရသလို အဖွဲ့သားတွေလည်း အောင်အောင်မြင်မြင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တရားသူကြီး ဦးစန်းလင်းဟာ လူငယ်နဲ့ ကျောင်းသားတွေကို နိုင်ငံရေးပုဒ်မနဲ့ ထောင်ချခဲ့သူ ဖြစ်တယ်လို့လည်း ဆိုပြီး သူတို့အဖွဲ့အနေနဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မပတ်သက်ဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့ ပါဝင်လာတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၅ ရက် မနေ့ညနေပိုင်းမှာပဲ လှိုင်သာယာမြို့နယ်တရားရုံးကို Special Task Agency of Burma အဖွဲ့က ဗုံးခွဲတိုက်ခိုက် သတိပေးခဲ့ပြီး ထိခိုက်တာတော့ မရှိခဲ့ဘဲ စစ်တပ် ဒေါက်တိုင်တွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

4 months Ago
Up