close

တရုတ်စင်တာ

close

November 3, 2022

နယ်သာလန်ရှိ တရုတ်စင်တာ ၂ ခု ရဲစခန်းမဟုတ်ဟု တရုတ်ငြင်းဆို

နယ်သာလန်နိုင်ငံထဲက တရုတ်စင်တာ ၂ ခုဟာ ရဲစခန်းတွေမဟုတ်ဘဲ တရုတ်နိုင်ငံသားတွေရဲ့ သက်တမ်းကုန်ဆုံးနေတဲ့ ယာဉ်မောင်းလိုင်စင်တွေကို အွန်လိုင်းမှာ သက်တမ်းတိုးဖို့ ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းတွေ ဆောင်ရွက်ပေးတဲ့ နေရာတွေပါလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်မှာ ရှင်းလင်းပြောကြားပါတယ်။

တရုတ်နိုင်ငံဟာ နယ်သာလန်နိုင်ငံတွင်းမှာ တရုတ်အစိုးရကိုယ်စား တရားမဝင် လည်ပတ်နေတဲ့ ရဲစခန်းနှစ်ခုကို ထူထောင်ထားတယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းနေကြောင်း နယ်သာလန်အစိုးရက ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီလို ပြောခဲ့တာပါ။

ဒီစင်တာတွေဟာ နိုင်ငံရပ်ခြား တရုတ်အဖွဲ့တွေ စီစဉ်ပေးတဲ့ နေရာတွေမှာ လှုပ်ရှားမှုတွေ လုပ်ကြတာဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေကလည်း နယ်သာလန်မှာ အခြေစိုက်တဲ့ ပြည်ပရောက် တရုတ်လူမျိုးတွေသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက  မနေ့က ပြောပါတယ်။

သူတို့ဟာ တရုတ်ရဲအရာရှိတွေ မဟုတ်သလို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အခြေအမြစ်မရှိ ချဲ့ကားပြောဆိုတာမျိုး မလုပ်ကြဖို့ မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။

မက်ဒရစ်အခြေစိုက် အခွင့်အရေးအဖွဲ့ Safeguard Defenders ရဲ့ စက်တင်ဘာလ လေ့လာမှုတခုအရ တရုတ်ရဲအေဂျင်စီတွေဟာ နိုင်ငံပေါင်း ၃၀ မှာ ရုံးခွဲတွေတည်ထောင်ခဲ့ပြီး အဲဒါတွေဟာ စပိန်က လျှို့ဝှက်စစ်ဆင်ရေးနဲ့ တရားမဝင် ရဲစစ်ဆင်ရေးတွေ အပါအဝင် ပြည်ပက နိုင်ငံရေးလှုပ်ရှားမှု ရည်ရွယ်ချက်တွေကို ဖိအားပေးဖို့ အသုံးချနေတာဖြစ်ကြောင်း ပြောကြားထားပါတယ်။

53 seconds Ago
Up