close

တရုတ်စီးပွားရေး

close

March 6, 2022

၂၀၂၂ တွင် တရုတ်စီးပွားရေးတိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်း လျာထား

တရုတ်အစိုးရက စီးပွားရေးတိုးတက်မှု လျှော့ချလိုက်ပြီး  ၂၀၂၂ အတွက် ဂျီဒီပီ ၅ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ပါတယ်။ 

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံအနေနဲ့ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မတည်ငြိမ်မှုနဲ့ ပြည်တွင်း အိမ်ခြံမြေဈေးကွက် ကျဆင်းမှုတွေကြောင့် ဒီနှစ် တိုးတက်မှုနှုန်း လျော့ချလိုက်တာပါ။

တရုတ်ဝန်ကြီးချုပ် လီကီချန်းက “ဒီနှစ်အတွက် ဖွံ့ဖြိုးရေးလျာထားချက်တွေကတော့ စီးပွားရေး တိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်း၊ စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) ၃ ရာခိုင်နှုန်း၊ မြို့ပြဒေသ အလုပ်အကိုင်သစ်ရရှိမှု ၁၁ သန်း၊ အလုပ်လက်မဲ့ ၅ ဒသမ ၅ ရာခိုင်နှုန်းထက် မကျော်လွန်ဖို့၊ သွင်းကုန် ထုတ်ကုန် တည်ငြိမ်ဖို့နဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ငွေပေးငွေယူ မျှတစေဖို့ မျှော်မှန်းထားတယ်” လို့ ပြောပါတယ်။

စီးပွားရေးတိုးတက်မှုအရှိန် လျှော့ချထားပြီး တဖက်မှာ ဗဟိုဘဏ်အတိုးနှုန်းလည်း ချထားပါတယ်။ ဒေသအစိုးရတွေက အခြေခံအဆောက်အအုံတွေ ပိုမိုဆောက်လုပ်နေပြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်လျော့ပေါ့မယ်လို့ ကတိပေးထားပါတယ်။ မနှစ်က အစိုးရရဲ့ စီးပွားရေးတိုးတက်မှု ၆ ရာခိုင်နှုန်း လျာထားချက်ကို ကျော်လွန်ပြီး ၈ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးတက်ခဲ့တာပါ။

ကျောက်မီးသွေးအသုံးပြုမှုကို ပိုသန့်စင်အောင် အစွမ်းကုန်ကြိုးစားနေပြီး အရည်အသွေးမြင့် သန့်စင်စက်ရုံတွေကို အသုံးပြုနေတယ်၊  ပြန်လည်ပြည့်ဖြိုးစွမ်းအင် မူဝါဒနဲ့အညီ စွမ်းအင် ထုတ်လုပ်နေတယ်၊ တရုတ်လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီလို့ ဝန်ကြီးချုပ် လီကီချန်းက ပြောပါတယ်။

15 mins Ago

October 18, 2021

တရုတ်စီးပွားရေး ယခုနှစ် တတိယ ၃ လပတ်တွင် အနှေးဆုံးအဆင့်ရောက်

တရုတ်စီးပွားရေးတိုးတက်မှုဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက် ပိတ်ဆို့မှု၊ အိမ်ခြံမြေဈေးကွက်က အကြီးစားပြိုလဲမှုတွေကြောင့် ဒီနှစ်ရဲ့ တတိယ ၃ လပတ်မှာ အနှေးဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။

စီးပွားရေး ပြန်နာလန်ထူဖို့ ပိုမိုလုပ်ဆောင်ရေး မူဝါဒရေးဆွဲသူတွေအပေါ် ဖိအားတွေ ပိုတိုး လာခဲ့ပါတယ်။

အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ ဇူလိုင်ကနေ စက်တင်ဘာ ကြား စုစုပေါင်း ပြည်တွင်းထုတ်ကုန် တိုးတက်မှု ၄  ဒသမ ၉ ရာခိုင်နှုန်း ရှိပြီး အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့လို့ ခန့်မှန်းချက်နဲ့ လွဲချော်ခဲ့ပါတယ်။

တိုးတက်မှု ကျဆင်းနေပေမဲ့ သူ့ပန်းတိုင်တွေဆီ ရောက်မယ်လို့ ယုံကြည်ကြောင်း အမျိုးသား စာရင်းအင်းဗျူရို ပြောခွင့်ရ ဖှုလင်းဟွေက သတင်းစာ ရှင်းလင်းပွဲမှာ တနင်္လာနေ့က ပြောခဲ့ပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်ဟာ အဲဗားဂရန်ဒီအုပ်စုရဲ့ အကြွေး၊ ကုန်စည် ဖြန့်ဖြူးမှု ကွင်းဆက် နှေးကွေးမှုနဲ့ ဆိုးဆိုးရွားရွား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ အပါအဝင် အကြီးစား စိန်ခေါ်မှု အတော်များများကို ရင်ဆိုင်နေ ရပါတယ်။

လျှပ်စစ်မီး ပြတ်တောက်လို့ စက်ရုံ ထွက်နှုန်းအား အနည်းဆုံး အဆင့်ကို ရောက်ခဲ့ရသလို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကိုလည်း ချထားရပါတယ်။

တရုတ် အိမ်ခြံမြေ အကြီးစား လုပ်ငန်းကြီး အဲဗားဂရန်ဒီအုပ်စုဟာ အကြွေး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ကို ရင်ဆိုင်နေရလို့ ပိုကျယ်တဲ့ စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မယ့် ဘေးတွေကို တကမ္ဘာလုံးက စိုးရိမ် နေကြပါတယ်။ 

5 months Ago
Up