close

တရုတ်ဆရာဝန်

close

June 11, 2021

ကန်ပိုက်တီနယ်စပ်မြို့တွင် တရုတ်ဆရာဝန်များက ကိုဗစ်-၁၉ ကာကွယ်ဆေးလာထိုးပေး

တရုတ်-မြန်မာနယ်စပ်၊ ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့မှာ တရုတ်ပြည်ဘက်မှ ဆရာ၀န်တွေက  ကားနဲ့လာရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇွန် ၅ ရက်မှ ၉ ရက်အထိ  ၅ ရက်တာ အယောက် ၅၀၀၀ စာကာကွယ်ဆေးကို ဒေသခံတွေအပြင် ခရီးသွားအလုပ်လုပ်ကိုင်ကြမယ့်သူတွေနဲ့ မြစ်ကြီးနားဘက်မှ တရုတ်လူမျိုးတချို့လည်း လာရောက်ထိုးနှံကြလို့  မထိုးလိုက်ရတဲ့သူတွေလည်းရှိပါတယ်။

ကန်ပိုက်တီမြို့ခံတစ်ဦးက “မနက် ၁ နာရီလောက်ကနေ ကြိတ်ကြိတ်တိုးနေပြီ။ ပထမတစ်ရက်ဆို တိုးလို့တောင်မရခဲ့ဘူး။ တခြား ရန်ကုန် မြစ်ကြီးနားဘက်ကလာတဲ့တရုတ်လူမျိုး‌တွေက ပိုက်ဆံပေးပြီးတော့ မြန်မြန်ထိုးခွင့်ရကြတယ်”လို့ ပြောပါတယ်။

ဆေးထိုးပြီးနောက် ရေမချိုးရ၊ ဘီယာမသောက်ရလို့ တရုတ်ဆရာဝန်တွေက မှာသွားပြီး   တစ်ခါထိုးရုံနဲ့ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ကို  နောက် ၁ ရက်လောက်မှ ထုတ်ပေးတယ်လို့လည်း သိရပါတယ်။

ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး သတင်းဓာတ်ပုံရယူခွင့် တားမြစ်ထားကာ  တရုတ်အမျိုးသားတစ်ဦးက iphone နဲ့ ဓာတ်ပုံရိုက်တာကြောင့် တာ၀န်ကျ ပြည်သူ့စစ်တစ်ဦးက ဖုန်းရိုက်ခွဲလိုက်တယ်လို့ ကန်ပိုက်တီမြို့ခံတွေဆီက သိရပါတယ်။

7 mins Ago
Up