close

တရုတ်တနိုင်ငံတည်းမူဝါဒ

close

April 28, 2022

တရုတ်တနိုင်ငံတည်းမူဝါဒ လိုက်နာရန် အမေရိကန်ကို တရုတ်တိုက်တွန်း

တရုတ်တနိုင်ငံတည်း မူဝါဒကို လိုက်နာဖို့နဲ့ အန္တရာယ်ရှိတဲ့ ကျူးကျော်ရေး လုပ်ရပ်တွေအား ရပ်တန့်ဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ကို ဧပြီ ၂၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် စစ်သင်္ဘောတစီးက အထိအခိုက်မခံတဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းအပြီး ခုလို ပြောလိုက်တာပါ။

အမေရိကန် ရေတပ်ကတော့ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော USS ဆမ့်ဆွန်ဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ ဧပြီ ၂၆ ရက်မှာ ထိုင်ဝမ်ရေလက်ကြားကို ပုံမှန် ဖြတ်သန်းသွားလာခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်ဟာ တလတကြိမ်လောက် ခုလို ဖြတ်သန်းသွားလာနေလို့ တရုတ်အစိုးရက ဒေါသထွက်ခဲ့တာပါ။ ဒါဟာ တရုတ်ပိုင်နက်လို့ တရုတ်အစိုးရက ရှုမြင်နေပြီး ဒီမိုကရေစီ နည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို အမေရိကန်က ပံ့ပိုးနေတဲ့ လက္ခဏာလို့ တရုတ်အစိုးရက ရှုမြင်ထားပါတယ်။

1 min Ago
Up