close

တရုတ်နိုင်ငံ ထူထောင်ခြင်း

close

October 1, 2022

တရုတ်နိုင်ငံ ထူထောင်ခြင်း ၇၃ နှစ်မြောက်အခမ်းအနား တီအန်မင်ရင်ပြင်တွင်ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၃ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အလံတင်အခမ်းအနားကို တီအန်မင်ရင်ပြင်မှာ အောက်တိုဘာ ၁ ရက်  မနက်စောစောပိုင်း ကျင်းပပါတယ်။

စစ်ချီတေး၊ ဘင်ခရာတီးဝိုင်းနဲ့ ချီတက်လာတဲ့ အဖွဲ့ဝင် ၉၆ ယောက် ပါဝင်တဲ့ ဂုဏ်ပြုတပ်ဖွဲ့က အလံကို တီအန်မင် ရင်ပြင်ဆီ သယ်ဆောင်လာတာပါ။ 

များပြားတဲ့ ဧည့်ပရိသတ်တွေကလည်း မနက်စောစောကတည်းက အလံတင်အခမ်းအနားကို ကြည့်ရူဖို့အတွက် စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ထောင်နဲ့ချီတဲ့ ပရိသတ်တွေထဲမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော်လည်း ပါဝင်ပြီး တဖြည်းဖြည်းမြင့်တက်သွားတဲ့ အလံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရင်း  နိုင်ငံတော် သီချင်းကိုလည်း သံပြိုင်သီဆိုနေတာကို တွေ့ရပါတယ်။

2 mins Ago
Up