close

တရုတ်ပြည်မ

close

May 6, 2022

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတွင် စတော့ရှယ်ယာဈေး ကျဆင်း

တရုတ်ပြည်မကြီးက ထိပ်တန်းခေါင်းဆောင်တွေက ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းစင်ရေး မူဝါဒကို ဆက်လုပ်မယ်လို့ ပြောဆိုလိုက်အပြီးမှာ စီးပွားရေးထပ်ကျမှာ စိုးရိမ်နေကြလို့ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးမှာ စတော့ရှယ်ယာဈေးတွေ မေ ၆ ရက်က ကျဆင်းခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် ကမ္ဘာ့ရှယ်ယာဈေးကွက်တွေ ကျဆင်းနေချိန်မှာ အခုလို လိုက်ကျလာတာလည်း ဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ ဟန်ရှန်း ဈေးကွက်ညွှန်းကိန်းဟာ ဈေးကွက်ပိတ်ချိန်မှာ ၃ ဒသမ ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး CSI 300 ညွှန်းကိန်းကတော့ ၂ ဒသမ ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေးမူဝါဒကို ငြင်းပယ်တဲ့ လုပ်ဆောင်ချက်မှန်သမျှကို တိုက်ဖျက်မယ်လို့ နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့ရဲ့ အစည်းအဝေး အပြီး မေ ၅ ရက်မှာ အစိုးရရုပ်သံက ကြေညာခဲ့ပါတယ်။

10 hours Ago

February 9, 2020

ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိပြီ၊ ဆားစ်နှင့်မားစ်ရောဂါတို့ထက် သေဆုံးသူ ပိုများ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဖေဖော်ဝါရီ ၉ ရက် မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲအချိန်ရတဲ့ သတင်းအရ လူ ၃၇၅၅၄ ယောက်ရှိပြီး သေဆုံးသူ ၈၁၃ ယောက်ထိ မြင့်တက်သွားပါပြီ။ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်ကလွဲရင် သေဆုံးသူအားလုံးဟာ တရုတ်ပြည်မကြီးထဲမှာ သေဆုံးခဲ့တာပါ။ ကမ္ဘာတလွှား နိုင်ငံနဲ့ဒေသ ၂၈ ခုမှာ ကူးစက်ခံထားရပြီး လူနာ ၆၁၉၆ ယောက် အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ လူနာ ၂၇၂၈ ယောက်က ပြန်ကျန်းမာလာပြီး ဆေးရုံက ဆင်းသွားခဲ့ပါပြီ။ လက်ရှိ ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၂၀၀၃ ဆားစ်ရောဂါ ကူးစက်မှုနဲ့ ၂၀၁၂ မားစ်ရောဂါ ကူးစက်မှုတွေကြောင့် သေဆုံးသူ ဦးရေတွေထက် ပိုသာလွန်သွားခဲ့ပါတယ်။ ကူးစက်မှုထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံတလွှားက စက်ရုံအများအပြားက ဇန်နဝါရီ ၃၀ မှာ ကုန်ဆုံးမယ့် တရုတ်နှစ်သစ်ကူးပိတ်ရက်ကို သက်တမ်းတိုးထားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းက အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ တက်စ်လာကတော့ ထုတ်လုပ်မှုတွေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်စမယ်လို့ ပြောပါတယ်။ ရှန်ဟိုင်းအစိုးရ ပြောခွင့်ရ ရွှီဝေကလည်း တက်စ်လာ အပါအဝင် ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေ လက်တွေ့ ရင်ဆိုင်နေရတဲ့ ကုန်ထုတ်လုပ်မှု ပြန်စရေး အခက်အခဲတွေကနေ ကူညီဖို့ ကုန်ထုတ်လုပ်မှု တတ်နိုင်သမျှ အမြန်ဆုံးပြန်စဖို့ ညှိနှိုင်း အားထုတ်သွားမယ်လို့ ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။ ဒေသခံတယောက်ကတော့ နောက်ထပ် အနည်းဆုံး သီတင်းပတ် တပတ်လောက် ရောဂါခြေချုပ်နဲ့ အိမ်တွေမှာ ဆက်နေခွင့်ပြုဖို့ မျှော်လင့်တယ်။ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းနေထိုင်သူတွေ ရှန်ဟိုင်းကို ပြန်လာနေချိန်မှာ ကူးစက်မှု ဒုတိယအကျော့ ထပ်ဖြစ်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။  ကုမ္ပဏီအသေးတွေကို သက်ညှာတဲ့ အတိုးနှုန်းနဲ့ ချေးငွေ ဆက်ပေးဖို့နဲ့ ကူးစက်ချိန်မှာ အထိနာဆုံး ဝန်ဆောင်မှုလုပ်ငန်းတွေကိုတော့ အတိုးနှုန်း ကင်းလွတ်ခွင့်ပေးဖို့ ဘဏ်တွေကို တောင်းဆိုမယ်လို့ ရှန်ဟိုင်းအစိုးရက စနေနေ့မှာ ပြောခဲ့ပါတယ်။
2 years Ago
Up