close

တရုတ်ဖွံ့ဖြိုးရေးဘဏ်

close

April 14, 2022

ကိုဗစ်ထိန်းချုပ်ရေး ကန်ဒေါ်လာ သန်း ၇၀၀ ခန့်ထောက်ပံ့ရန် တရုတ်ဘဏ် ကမ်းလှမ်း

တရုတ်ဖွံ့ဖြိုးရေးဘဏ်ဟာ ကိုဗစ်-၁၉ ကပ်ဘေး ပြည်လုံးကျွတ်ဟန့်တားထိန်းချုပ်ရေး လုပ်ငန်းတွေကို ထောက်ပံ့ဖို့ ၂၀၂၂ ပထမ ၃ လပတ်ထဲမှာ အမေရိကန်ဒေါ်လာ ၆၉၁ ဒသမ ၂၄ သန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၄ ဒသမ ၄ ဘီလီယံ အရေးပေါ် ချေးငွေအဖြစ် ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

ယာယီဆေးရုံတွေနဲ့ ရောဂါခြေချုပ်ဌာနတွေ ဆောက်လုပ်ရေးအတွက် ယွမ်ငွေ ၁ ဒသမ ၄ ဘီလီယံ၊ နေ့စဉ်လိုအပ်ချက်တွေ ပံ့ပိုးဖို့ ယွမ်ငွေ သန်း ၆၈၀၊ ကပ်ဘေးတိုက်ဖျက်ရေး အထောက်အပံ့တွေ ဝယ်ယူ သိုလှောင်ဖို့ ယွမ်ငွေ ၂ ဒသမ ၃၂ ဘီလီယံ ကမ်းလှမ်းထားတယ်လို့ ဘဏ်က ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။

ဒီငွေတွေကို ဒေသန္တရ ကပ်ဘေး ဟန့်တားထိန်းချုပ်ရေး လုပ်ငန်းတွေ၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေ တိုးတက်ဖို့ အချိန်မီ ထိရောက်တဲ့ ဘဏ္ဍာရေး အထောက်အပံ့အဖြစ် ပံ့ပိုးပေးမယ်လို့ ဘဏ်က ပြောပါတယ်။

1 min Ago
Up