close

တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်လေဆိပ်ရောက်ရှိ

close

July 21, 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင် ဆွေးနွေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ လာမယ့်ရက်ပိုင်းအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

“နောက် ၁၀ ရက်အတွင်း သမ္မတ ရှီနဲ့ စကားပြောဖြစ်မယ်ထင်တယ်” လို့ ဘိုင်ဒင်က မက်ဆာချူးဆက်ပြည်နယ်အတွင်း ရာသီဥတုဆိုင်ရာ ခရီးစဉ်ကနေ ပြန်လာချိန်  ဇူလိုင် ၂၀ ရက်က သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ဆက်ပြီးတင်းမာနေတဲ့ အရေးပါတဲ့ အခိုက်အတန့်မှာ ခေါင်းဆောင်နှစ်ဦးကြား ဖုန်းခေါ်ဆိုဖို့ ကာလရှည်ကြာ စီစဉ်ထားခဲ့တာပါ။

အမေရိကန် စားသုံးသူတွေအပေါ် သက်ရောက်နေတဲ့ ငွေကြေးဖောင်းပွမှု ဖိအားကို လျှော့ချပေးဖို့ ဘိုင်ဒင်အစိုးရက တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်နှုန်းထားတွေကို သိသိသာသာ လျှော့ချပေးမယ့် အရေးကြီးအခိုက်အတန့်ဖြစ်ပါတယ်။

လာမယ့်လမှာ ထိုင်ဝမ်ကျွန်းဆီသွားဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီက စီစဉ်ထားတယ် ဆိုတဲ့သတင်းတွေကိုလည်း သံသယဝင်တယ်လို့ဘိုင်ဒန်က ပြောပါတယ်။

"ဒါဟာ အကြံကောင်းမဟုတ်ဘူးဆိုတာ စစ်တပ်က သိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ ကျနော် မသိပါဘူးလို့ ဘိုင်ဒန်က ပြောပါတယ်။

3 mins Ago

January 17, 2020

တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်လေဆိပ်ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ၂ရက်ကြာ ချစ်ကြည်ရေးခရီးစတင်လိုက်ပြီး    ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်လေဆိပ်သို့ အထူးလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုသမ္မတ ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အတူ ကြိုဆို နှုတ်ဆက်ကြသလို လေဆိပ်လမ်းတလျှောက် ပြည်သူလူထုတွေက အလံတွေကိုင်ပြီး ကြိုဆို ခဲ့ကြပါတယ်။ တရုတ်သမ္မတနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ၊ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်အကြီးအကဲ ဟီလီဖန်းတို့လည်း လိုက်ပါတယ်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာနေပြည်တော်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
3 years Ago
Up