close

တရုတ်အစိုးရပိုင်ရုပ်သံ

close

August 14, 2022

ရှင်ကျန်းဒေသတွင်း စစ်ရေးလေ့ကျင့်မှုဗီဒီယိုဖိုင် တရုတ်အစိုးရပိုင်ရုပ်သံ ထုတ်လွှင့်

တရုတ်နိုင်ငံအနောက်စွန်းပိုင်း ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မကြာသေးခင်က လုပ်ခဲ့တဲ့ တိုက်ရိုက် ပစ်ခတ်လေ့ကျင့်မှု ဗီဒီယိုဖိုင်ကို တရုတ်နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV က ဩဂုတ် ၁၃ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်ကျွန်းရဲ့မြို့တော် တိုင်ပေကို ဩဂုတ်လက သွားရောက်ပြီးတဲ့နောက် တရုတ်နိုင်ငံအတွင်း တခြားစစ်ရေးလေ့ကျင့်မှုတွေလည်း လုပ်ခဲ့ပါတယ်။

လေယာဉ်ပစ်ဒုံးကျည်တွေ ပစ်လွှတ်နေပြီး ညပိုင်းလေ့ကျင့်မှုအပြင် ခြေလျင်လေ့ကျင့်မှုတွေ အတွက် တိုက်လေယာဉ်တွေ ပျံသန်းနေတာကိုလဲ CCTV ရုပ်သံမှာ ပြသခဲ့ပါတယ်။

ပေလိုစီက ထိုင်ဝမ်ကျွန်းဆီ သွားရောက်လည်ပတ်ပြီးတဲ့နောက် တရုတ်နဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ မြင့်တက်လာပြီး တရုတ်စစ်တပ်ဟာ ထိုင်ဝမ်နားက ဒေသတွေမှာ ရေတပ်နဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုတွေကို သြဂုတ် ၄ ရက်က စပြီး လေ့ကျင့်နေခဲ့ပါတယ်။

2 mins Ago
Up