close

တအောင်းလူမျိုး

close

February 7, 2023

ဂျာယန်ပြည်သူ့စစ်စခန်းကို TNLA ကဝင်စီးနင်းပြီး တအောင်းလူမျိုး ၁၂၇ ဦးကို ကယ်ထုတ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAရဲ့ တပ်မဟာ (၆) စစ်ဒေသနယ်မြေထဲက မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ ခေါ်ဆောင် စစ်မှုထမ်းခိုင်းထားတဲ့ တအာင်း(ပလောင်)လူမျိုး ၁၂၇ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ တယ်လို့ TNLA/PSLFရဲ့ သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်လိုက်ပါတယ်။

TNLA တပ်မဟာ (၇)တပ်ဖွဲ့က အင်အား ၅၀၀ ကျော်နဲ့  ဖေဖော်ဝါရီ ၄ ရက် မနက် ၄ နာရီ လောက် ဂျာယန်ပြည်သူ့စစ်စခန်းသို့ ဝင်ရောက်စီးနင်းခဲ့ပြီး  တအောင်း(ပလောင်) လူမျိုး အမျိုးသား ၁၁၂ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ကို ပြန်လည် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကယ်ဆယ်နိုင်ခဲ့တဲ့  တအောင်း(ပလောင်)လူမျိုးတွေထဲမှာဆိုရင်    ၈ နှစ်နဲ့ ၁၇ နှစ်ကြား အရွယ် အယောက်  ၂၀ နဲ့  ၁၈ နှစ်နဲ့ ၆၅ နှစ်အရွယ်ကြား ၁၀၇ ယောက်ပါရှိတယ်လို့ သိရပါတယ်။ 

နိုင်ငံရေးလေ့လာသူ တဦးက “ဒါက အရပ်စကားနဲ့ပြောရင် ကလေးစစ်သား စုဆောင်းတယ် ခေါ်တာပေါ့။ ပညာသင်ချိန်အရွယ် အသက်မပြည်တဲ့ ကလေးသူငယ်တွေကို “ပေါ်တာ”ဆွဲဖို့ မပြောနဲ့ သူက ကျေနပ်လို့ လာဝင်ရင်တောင် လက်မခံဘဲ ပြန်လွှတ်ရတာ”လို့ ပြောပါတယ်။

ဝင်ရောက်စီးနင်းနေချိန် စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲကာ စစ်ကူပေးခဲ့ပြီး ဂျာယန်ကျေးရွာပတ်ပတ်လည်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ TNLAအနေနဲ့တော့ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

14 mins Ago
Up