တာဂျီကစ္စတန်နိုင်ငံမှာ ပြင်းအား ၇ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ ငလျင်တခု ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီ ၃၇ မိနစ်လောက်က လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ဟာ အနက် ၆ မိုင်မှာ လှုပ်ခတ်ခဲ့တာလို့ တရုတ်ငလျင်ကွန်ရက်ဌာနကို ကိုးကားပြီး တရုတ်အစိုးရပိုင် ရုပ်မြင်သံကြား CCTV က ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာပါတယ်။
ငလျင်ကြောင့် ရှင်ကျန်းမြို့ကြီးမှာ တုန်ခါမှုကို ခံစားရပြီး ငလျင်ဗဟိုချက်ဟာ တရုတ်နိုင်ငံနဲ့ အနီးဆုံး နယ်စပ်ကနေ ၈၂ ကီလိုမီတာလောက်အကွာမှာရှိကာ ရှင်ကျန်းဒေသ အနောက်ဘက်မှာရှိတဲ့ ခက်ရှာနဲ့ အာတွတ်ခ်မြို့တွေမှာပါ အပြင်းအထန် ခံစားခဲ့ရတယ်လို့ တရုတ်အစိုးရရုပ်သံ CCTV က ဆိုပါတယ်။
ခက်ရှာမြို့မှာ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုနဲ့ ဆက်သွယ်ရေးဟာ ပုံမှန်အတိုင်းရှိနေကြောင်း ဆင်ဟွာ အစိုးရမီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒေသဆိုင်ရာ မီးသတ်ဌာနက အသေအပျောက်သတင်း တစုံတရာ မရရှိသေးပါဘူး။