close

တာလတ်ပစ်ဒုံး

close

April 20, 2022

အဝေးပစ် ရှော့တိုက်ဒုံးများ ကနီပြောက်ကျားတပ် စမ်းသပ်အောင်မြင်

တာလတ်နဲ့ တာဝေးပစ် ရှော့တိုက်ဒုံးတွေကို စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ကနီဒေသတွင်း ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

Kani Guerrilla Force နဲ့ Kani Chindwin Revolution Force မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာပါ။

Kani Guerrilla Force ရဲ့ တာဝန်ရှိသူက “တာလတ်ပစ်ဒုံးက မီတာ ၁၅၀၀၊ တာဝေးပစ်ဒုံးက မီတာ ၂၀၀၀ အကွာအဝေးထိ ရောက်ပါတယ်။ ပေါက်ကွဲတဲ့နေရာ ပေ ၅၀ အတွင်းမှာရှိရင် သေစေနိုင်တဲ့ ထိရောက်မှု ရှိပါတယ်။ တခုကို ထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ် ငါးသောင်းဝန်းကျင်ရှိပြီး ကျနော်တို့မှာ ငွေကြေးပမာဏ နည်းတာကြောင့် နည်းနည်းပဲ ထုတ်လုပ်နိုင်ပါသေးတယ်” လို့ ပြောပါတယ်။

ဒီလထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲမရှိသေးဘဲ လက်နက်ထုတ်လုပ်ရေးကို ဆောင်ရွက်နေပြီး ရန်ပုံငွေထောက်ပံ့ကြဖို့လည်း အဖွဲ့တွေက တိုက်တွန်း ပြောပါတယ်။

2 mins Ago
Up