close

တာလီဘန်ဆန့်ကျင်ရေးဆန္ဒပြ

close

August 19, 2021

အာဖဂန်တွင် တာလီဘန်ဆန့်ကျင်ရေးဆန္ဒပြသူ လူ ၃ ဦး ထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်မြို့မှာ တာလီဘန်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သြဂုတ် ၁၈ ရက်က လူ ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဂျလာလာဘတ်မြို့ ရင်ပြင်မှာ ဒေသခံတွေက အမျိုးသား အလံကို စိုက်ထူဖို့ ကြိုးစားချိန်မှာ ပစ်ခတ်ခံရလို့ လူသေဆုံးခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီသေဆုံးမှုတွေက တာလီဘန်တွေရဲ့ အစ္စလာမစ်အုပ်ချုပ်ရေး သိပ်သည်းကျစ်လစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ရစေမယ်ဆိုတဲ့ ကတိတွေနဲ့ အားထုတ်မှုတွေကို အရိပ်မည်း စွန်းထင်း စေတာပါ။

တာလီဘန်တွေဟာ မြို့တော်ကဘူးလ်ကို သိမ်းပိုက်အပြီးမှာ အစ္စလာမစ် ဥပဒေရဲ့ မူဘောင် အတွင်းကနေ အမျိုးသမီးအခွင့်အရေးကို လေးစားမယ်၊ ရန်သူဟောင်းတွေကို လက်စားမချေဘူးလို့ ပြောခဲ့ပါတယ်။

 ဂျလာလာဘတ်မြို့ဟာ မြို့တော် ကဘူးလ်ကနေ ပါကစ္စတန် နိုင်ငံဆီ ချိတ်ဆက်ထားတဲ့ အဓိကလမ်းပေါ်မှာ ရှိပြီး မြို့တော်ကနေ မိုင် ၉၀ ဝေးပါတယ်။ တာလီဘန်တွေဟာ ကဘူးမြို့တော်ကို သြဂုတ် ၁၅ ရက်မှာ သိမ်းပိုက်ခဲ့တာပါ။

အနောက်နိုင်ငံတွေက စစ်တပ်တွေ ဆုတ်ခွာချိန်မှာ မတိုက်ခိုက်ဘူးဆိုတဲ့ တာလီဘန်တွေရဲ့ ကတိအပါအဝင် သဘောတူညီချက်အောက်မှာ အနောက်နိုင်ငံတွေက စစ်တပ်တွေ ဆုတ်သွားခဲ့ ကြပါတယ်။

သံတမန်တွေ၊ လုံခြုံရေး ဝန်ထမ်းတွေ၊ အကူအညီပေးရေး လုပ်သားတွေနဲ့ အာဖဂန် ပြည်သူတွေ အယောက် ၅၀၀၀ လောက်ဟာ ကျန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ကဘူးကနေ ဘေးကင်းရာ ထွက်သွားခဲ့ကြပြီးပြီလို့ အနောက်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စစ်တပ်လေကြောင်းခရီးစဉ်နဲ့ ဘေးကင်းရာ ကယ်ထုတ်တာတွေကို ၂၄ နာရီ ပတ်လုံး ဆက်လုပ်သွားမယ်၊ ဒါပေမဲ့ လေဆိပ်အပြင် ဝရုန်းသုန်းကားအခြေအနေကို ရှင်းလင်းရတာ စိန်ခေါ်မှု တစ်ရပ်ပဲလို့လည်း သူက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကလည်း သူ့အဖွဲ့ဟာ လူအယောက် ၇၀၀ လောက်ကို သြဂုတ် ၁၇ ရက်က  ကယ်ခဲ့တယ်လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံကတော့ လူအယောက် ၁၃၀ လောက်ကို ကယ်ထုတ်ခဲ့ပြီး ပြင်သစ်ကတော့ သူ့နိုင်ငံသား ၂၅ယောက်နဲ့ အာဖဂန် ပြည်သူ ၁၈၄ယောက်ကို ကယ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။ သြစတြေးလျအစိုးရက ကဘူးကနေ လူ ၂၆ ယောက် ရောက်လာပြီလို့ ပြောပါတယ်။ ဒိန်းမတ်အစိုးရကတော့ စစ်လေယာဉ်နဲ့ လူ ၈၄ ယောက် ကယ်ထုတ်ခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

8 mins Ago
Up