close

တာလီဘန်အစိုးရ

close

September 13, 2022

တာလီဘန်အစိုးရလက်ထက် အာဖဂန်၌ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာ

အာဖဂန်နစ္စတန်နိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေဟာ တာလီဘန်အစိုးရ လက်အောက်မှာ ယိုယွင်းလာနေပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် ဖိနှိပ်မှု တိုးလာသလို အာဏာရှင် စနစ်အောက်ကို သက်ဆင်းနေတယ်လို့ ကုလသမဂ္ဂပညာရှင်တယောက်က စက်တင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

အာဖဂန်အမျိုးသမီးတွေကတော့ ကမ္ဘာ့အဖွဲ့အစည်းတွေက အရေးယူ ဆောင်ရွက်ကြဖို့ တိုက်တွန်း နေတာပါ။

အာဖဂန်နိုင်ငံအတွင်း အခြေခံကျကျ အပြောင်းအလဲတွေ လုပ်ဖို့ကိုလည်း အာဖဂန်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံတမန် ရစ်ချာ့တ် ဘန်းနက်က ဆော်ဩလိုက်ပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို အပြင်းအထန် ပြန်ရုပ်သိမ်းနေတာ၊ အတိုက်အခံတွေနဲ့ ဝေဖန်သူတွေကို ပစ်မှတ်ထား လက်စားချေတာနဲ့ တာလီဘန်တို့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ချုပ်ချယ်တာတွေဟာ အာဏာရှင်စနစ်ဆီသို့ ဆင်းသက်လာတဲ့ လက္ခဏာတွေပဲလို့ ဘန်းနက်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။ ဒီအစည်းအဝေးကို အာဖဂန်အမျိုးသမီး အတော်များများလည်း တက်ရောက်ခဲ့တာပါ။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာဘောင်ဘာ ဆေရတ်ဂျ် ကတော့ နှိပ်စက်ညှင်းပန်း မှုတွေကို စုံစမ်းစစ်ဆေးဖို့ လုပ်ငန်းစဉ်တရပ် ချမှတ်ရေး အဖွဲ့ဝင် ၄၇ နိုင်ငံပါတဲ့ လူ့အခွင့်အရေး ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။ 

3 hours Ago

April 1, 2022

ကဘူးလ်မြို့တွင် တာလီဘန်အစိုးရ အလံတင်အခမ်းအနား ကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ မတ် ၃၁ ရက်က တာလီဘန်အစိုးရ အဖွဲ့ဝင်တွေ စုရုံး ဝတ်ပြုဆုတောင်းအပြီး အလံတင် အခမ်းအနားကျင်းပခဲ့ပါတယ်။

တာလီဘန်အစိုးရ ဒုပြောခွင့်ရ အီနာမူလာ စာမန်ဂါနီက "အာဖဂန်နစ္စတန်ရဲ့ အဖြူရောင် အစ္စလာမ္မစ်အလံဟာ အစ္စလာမ္မစ်စနစ်ရဲ့ သင်္ကေတလည်း ဖြစ်တယ်။ အာဖဂန်ပြည်သူတွေဟာ ဒီအလံအောက်မှာ နှစ် ၂၀ တိုက်ပွဲဝင်ခဲ့ပြီး သူတို့နိုင်ငံရဲ့ လွတ်လပ်ရေးကို ရခဲ့တယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ငြိမ်သက်ခြင်းရဲ့ အလံလည်း ဖြစ်တယ်။ အာဖဂန်ပြည်သူအားလုံး ငြိမ်းချမ်းတဲ့ဘဝကို ရရေး ဒီအလံအောက်ကို အတူလာကြဖို့ ဖိတ်ခေါ်တယ်" လို့ ပြောပါတယ်။

တာလီဘန်တွေဟာ နှစ် ၂၀ စစ်ပွဲအပြီး အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ ထွက်ခွာသွားတဲ့အတွက် အာဏာရလာအပြီး ၂၀၂၁ မှာ သူတို့ရဲ့ အစိုးရသစ်ကို ဖွဲ့ပြီးကြောင်း ကြေညာခဲ့ပါတယ်။

6 months Ago
Up