close

တာလောကြီး-ရွှေညောင်ပင်လမ်း

close

June 16, 2022

ဝိုင်းမော်မြို့နယ်၊ တာ​လောကြီး-ရွှေ​ညောင်ပင်လမ်းတွင် ​ရေကြီးပြီး ကုန်တင်ကားများပိတ်မိ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တာ​လောကြီး-​ရွှေ​ညောင်ပင်လမ်းမ​ပေါ်မှာ ဇွန် ၁၅ ရက်​ကစပြီး  လက်ရှိထိ ​ရေကြီးပြီး ကုန်တင်ကား အစီး ၂၀ လောက် ​​ရေနစ်မြုပ်ပိတ်မိ​နေ​တယ်လို့ ကုန်တင်ယာဥ်​မောင်းတွေက ပြောပါတယ်။

ကုန်တင်ယာဥ်​မောင်းတဦးက “တာ​လောကြီး-​ရွှေ​ညောင်ပင်လမ်းမ​ပေါ်မှာ ကား​တွေ အခု နစ်​နေတယ်။ အခုဖြစ်​နေတာ။ မ​နေ့ကည​နေနဲ့ အခုနဲ့​ပေါ့၊ လက်ရှိ ကား​တွေနစ်​နေတာ။ ကားခန့်မှန်း​ခြေ အစီး ၂၀ ​လောက်ရှိမယ်။ ကုန်တင်ကား​တွေ​ရော ဂျပ်ဖာကား​တွေ​ရော” လို့ ​ပြောပါတယ်။

မြစ်ရေကြီးလာတာကြောင့် ကားလမ်းမကြီး​ပေါ်ထိ ​ရေလျှံကာ တာ​လောကြီး၊ ဦး​လောက်တို့မှာ မြစ်​ရေကြီးကာ ကုန်းလမ်းပိတ်​နေပြီး တချို့​တွေက စက်​လှေ​တွေနဲ့ သွားလာကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ​တော့ အစားအ​သောက်ရောင်းတာ မရှိတဲ့အတွက် အခက်အခဲ ဖြစ်​နေကြရတယ်လို့ ယာဥ်​မောင်း​တွေက ​ပြောပါတယ်။

​နောက် ယာဥ်​မောင်းတဦးကလည်း “ကားဆရာ​တွေ​တော့ ကား​‌ပေါ် ပိတ်မိ​နေတာ​တော့ မရှိဘူး။ နီးစပ်ရာ ကုန်း​ပေါ်က နီးစပ်တဲ့တဲ​တွေမှာ အနီးဆုံး ​နေကြတာ​ပေါ့။ ကုန်း​ပေါ်မှာ ပိတ်မိ​နေတာ​ပေါ့” လို့ ​ပြောပါတယ်။

ခါတိုင်းနှစ်က ယာတွေသိမ်းတဲ့အချိန်မှ ရေကြီးတာမျိုးရှိပြီး အခုနှစ်မှာ မိုးစောလို့ တစ်သျှူးငှက်ပျောမကုန်ခင် အခုလို အခက်အခဲ ကြုံနေကြရတာလို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

Photo Crd-Kyaw Kyaw San

2 mins Ago
Up