close

တာဝန်ကယာယီရပ်ဆိုင်းခံရ

close

May 24, 2021

ရေးမြို့ CDM ပညာရေးဝန်ထမ်း ၆၀၀ ကျော် တာဝန်က ယာယီရပ်ဆိုင်းခံရ

မွန်ပြည်နယ်  ရေးမြို့နယ်မှာ စစ်အာဏာရှင်ကို အာဏာဖီဆန်တဲ့အနေနဲ့  CDM ဝင်ထား ကြတဲ့ ပညာရေး၀န်ထမ်း  ၆၁၇ ဦး ကို စစ်ကောင်စီက လက်ရှိတာဝန်တွေက ယာယီရပ် ဆိုင်းထားတယ်လို့ သိရပါတယ်။

CDM ဝင်ကြတဲ့ ပညာရေးဝန်းထမ်း အများစုမှာ အထက် အလယ် မူ ကျောင်းအုပ်ဆရာမကြီးတွေက အစ ပညာရေး ဝန်းထမ်းတွေ ပါဝင်ပါတယ်။

ရေးမြို့နယ် အခြေခံပညာကျောင်းတွေက စီမံဝန်ထမ်း ၆၁၇ ဦးဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေတာတွေကြောင့် နိုင်ငံဝန်ထမ်းဉပဒေများအရ တာဝန်ကနေ ရပ်ဆိုင်းကြောင်း မေ ၁၀ ရက်စွဲနဲ့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီ အာဏာသိမ်းယူပြီးတဲ့နေ့ကစပြီး လူထုဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးမှုတွေ ရှိလာတာကြောင့် လုံခြုံစိတ်ချမယ့်နေရာမှာ ခိုလှုံနေရတယ်လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

1 hour Ago
Up