close

တာဝန်နုတ်ထွက်

close

February 9, 2022

ရေဦးမြို့နယ်တွင် ပညာရေးဝန်ထမ်းနှင့် ထွေအုပ်ဝန်ထမ်း ၆၀ ကျော် နုတ်ထွက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ပညာရေးဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေ ဖေဖော်ဝါရီ  ၈ ရက်နဲ့  ၉ ရက်နေ့မှာ တပြိုင်တည်း နုတ်ထွက်စာတင်ထားတယ်လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်မှာ ပညာရေးဝန်ထမ်း အယောက် ၃၀ နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၈ ယောက် နုတ်ထွက်စာတင်ထားတယ်လို့သိရပါတယ်။

ပညာရေးဝန်ထမ်းတစ်ဦးက “ကာကွယ်ရေးတပ်ဖွဲ့တွေက စကစ ဒေါက်တိုင်တွေကို သတိပေးတာတွေလုပ်ထားပြီးလည်း ဖြစ်တယ်။ လက်ရှိ ဝန်ထမ်းတွေကို CDM လုပ်ပါလို့ ပြောထားတာလည်းရှိတယ်။ အဲ့ဒီအတွက်နုတ်ထွက်တာလည်းဖြစ်မယ်”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်ကလည်း ရေဦးမြို့နယ်မှာရှိတဲ့ ပညာရေးဝန်ထမ်း ၂၈ ယောက် နုတ်ထွက်စာတင်ထားပြီးတော့ နှစ်ရက်အတွင်း နုတ်ထွက်ထားတဲ့ ပညာရေးဝန်ထမ်းတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်တဲ့ ကျောင်းအုပ်ရာထူးက  ၆ ယောက် နုတ်ထွက်ထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို လိုအပ်သလိုဆောင်ရွက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)က ထုတ်ပြန်ထားပါတယ်။

2 hours Ago

ရေဦးမြို့နယ် ထွေအုပ်ဝန်ထမ်းနှင့် ပညာရေးဝန်ထမ်း ၃၀ ကျော်နုတ်ထွက်

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်း ၃၀ ကျော် ဖေဖော်ဝါရီ ၈ ရက်နေ့က နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ထွေအုပ်ဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်းတွေ နုတ်ထွက်ကြတယ်။ ကျနော်တို့ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တဲ့အတွက် နုတ်ထွက်ခဲ့တယ်” လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရေဦးမြို့နယ်  ပေကြီး၊ ဇေယျဝတီ၊ မုံတိုင်ပင်၊ ဇီးကန်၊ နှောကုန်း၊ စည်သာ၊ ပေါက်တော စတဲ့ကျေးရွာတွေက ထွေအုပ်အငယ်တန်းစာရေးတွေ၊ မူလတန်းပြဆရာမတွေနဲ့ ကျောင်းစာရေး တွေ နုတ်ထွက်ခဲ့ကြတာလို့ ဆိုပါတယ်။

နိုင်ငံတဝန်းက စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ ဒေသခံ PDF တပ်ဖွဲ့တွေက သတိပေးထားသလို အထွေထွေအုပ်ချုပ်ရေးရုံးတွေ ဗုံးခွဲဖျက်ဆီးတာ၊ သတိပေးတဲ့ကြားက ဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရှင်းလင်းတာတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

12 hours Ago

November 16, 2021

သေနတ်ပစ်ခံရသည့် မင်္ဂလာဒုံမြို့နယ်က ရာအိမ်မှူးအမျိုးသမီး တာဝန်မှ နုတ်ထွက်

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်(ဘိုခြံ)က ရာအိမ်မှူးဒေါ်အောင်နန္ဒာဝင်းဟာ နိုဝင်ဘာ ၁၅ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီး ဒီနေ့မှာတော့ တာဝန်ကနေ နုတ်ထွက်စာတင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရာအိမ်မှူးဒေါ်အောင်နန္ဒာဝင်း (ခ) ပူစူးမဟာ မနေ့က  အမည်မသိ သေနတ်သမားရဲ့ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခံရပြီး အသက်မသေဘဲ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါတယ်။

အဲဒီလို ပစ်ခတ်ခံရပြီးတဲ့နောက် မိသားစုအရေးနဲ့ ကျန်းမာရေးကြောင့်လို့ဆိုပြီး တာဝန်ကနေ နုတ်ထွက်သွားတာပါ။ ဒါ့အပြင် သူ တာဝန်ထမ်းဆောင်တဲ့ ကာလတလျှောက်မှာ အများထိခိုက်စေတဲ့ ဘယ်အလုပ်မှ မလုပ်ခဲ့ဘူးလို့လည်း အသိပေးခဲ့ကြောင်း  ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေါ်အောင်နန္ဒာဝင်းကို မနေ့က ဘယ်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

စစ်တပ်နယ်မြေဖြစ်တဲ့  မင်္ဂလာဒုံမြို့နယ်မှာ အောက်တိုဘာလအတွင်း ရပ်ကျေး အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားသူတွေ  ဆက်တိုက်နုတ်ထွက်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံမြို့နယ်တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီဒေါက်တိုင်တွေကို ပစ်ခတ်ဖောက်ခွဲမှု ခပ်စိပ်စိပ်ပြုလုပ်ပါတယ်။

3 months Ago
Up