close

တာဝန်မှရပ်ဆိုင်းခံရ

close

May 19, 2021

ကလေးမြို့နယ်က CDM ပညာရေးဝန်ထမ်း ၆၅၇ ဦး တာဝန်မှရပ်ဆိုင်းခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အာဏာဖီဆန် CDM ပြုလုပ်နေတဲ့ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း ၆၅၇ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အဆိုပါ ပညာရေးဝန်ထမ်းတွေဟာ ခွင့်စည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ  တာဝန်ချိန်ပျက်ကွက်တာကြောင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေတွေအရ မေလ ၇ ရက်ကစပြီး တာဝန်က‌နေ ရပ်ဆိုင်းလိုက်တာလို့ စစ်ကောင်စီရဲ့ ကလေးခရိုင်ပညာရေးမှူးက  မေလ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာဆရာမတွေထဲမှာ ကလေးမြို့ပေါ် အထက ကျောင်းတွေကရော ကျေးရွာအထက ကျောင်းတွေက ပညာရေးဝန်ထမ်းတွေလည်း ပါဝင်ပြီး   အများစုဟာ အလယ်တန်းပြဆရာ ဆရာမတွေဖြစ်ပါတယ်။

10 mins Ago
Up