close

တာဝန်ယာယီရပ်ဆိုင်းခံရ

close

May 23, 2021

မူဆယ် ပညာရေးဝန်ထမ်း ၄၀၀ ကျော်ကို တာဝန်ကယာယီရပ်ဆိုင်း

မူဆယ်မြို့နယ် အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်း ၄၂၈ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အမိန့်စာထုတ်ပြန်ထားတယ်လို့ CDM ဆရာမ တစ်ဦးက ပြောပါတယ်။

“အ.ထ.က (၁) က CDM သမားတွေ ပါမလာဘူး။ မူဆယ် အ.ထ.က (၁) မှာ CDM သမား အယောက် ၂၀ ကျော်ရှိတယ်။ အဲဒါပါမလာဘူး။ ပြီးတော့ Non CDM တချို့တွေက CDM list ထဲ ပါနေတယ်” လို့ သူက ဆိုပါတယ်။

မူဆယ်မြို့နယ်မှာ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၀၁ ကျောင်းရှိပြီး နယ်စပ်ဒေသ လမ်းပန်းခက်ခဲမှုအခြေအနေကြောင့် စာသင်ကျောင်း ၄၃ ကျောင်း မဖွင့်လှစ်နိုင်သေး ပေမဲ့ မြို့နယ်အတွင်းရှိ မုံးကိုးမြို့၊ မန့်ဟီးရိုးမြို့၊ ပန်ဆိုင်း (ကြူကုတ်)မြို့ တွေမှာရှိတဲ့ ကျောင်းပေါင်း ၅၈ ကျောင်းကို မြို့နယ်ပညာရေးမှူးရုံးက ဇွန် ၁ ရက်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြာင်းလည်း နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

CDM ဝင်ထားတဲ့ ပညာရေးဝန်ထမ်း တစ်ဦးကတော့ “ကျောင်းတော့ ဖွင့်ဖို့ ပြင်နေတယ်။ ဘာဖြစ်လာမယ်ဆိုတာ ​ကျောင်းအပ်တဲ့နေ့မှ သိရမှာ” လို့ ပြောပါတယ်။

 ဒီရက်ပိုင်းအတွင်း ပျူစောထီးဆိုတဲ့အဖွဲ့က CDM မှာပါတဲ့ သူတွေကို ခြိမ်းခြောက်စာ ဖြန့်ထားတာကြောင့် တချို့သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိပေမဲ့ တချို့ကတော့ မကြောက်ကြကြောင်း၊ စစ်ကျွန်ပညာရေးကို အားပေးတာဟာ အဓမ္မကို အားပေးတဲ့ အောက်တန်းစား ပညာတတ်တွေဖြစ်တယ်လို့ သူက စွပ်စွဲပါတယ်။

6 days Ago

May 22, 2021

မော်လမြိုင်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမ ‌၄၇ ဦး ရာထူးမှ ထုတ်ပယ်ခံရ

အာဏာသိမ်း စစ်ကောင်စီဟာ မော်လမြိုင်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမ ‌၄၇ ဦးအား မေလ ၂၀ ရက်နေ့က ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။

ရာထူးမှ ထုတ်ပယ်လိုက်ခံရတဲ့ ဆရာ၊ ဆရာမ ‌၄၇ ဦးဟာ ပြီးခဲ့တဲ့လက တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသူတွေ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ခွင့်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာထူးမှ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ တွဲဘက်ပါမောက္ခ‌တွေ၊ ကထိက‌‌တွေနဲ့ လက်ထောက်ကထိက အရာထမ်း ဝန်ထမ်းတွေအပြင် သရုပ်ပြ အမှုထမ်း ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ‌မော်လမြိုင်နည်းပညာ တက္ကသိုလ်က CDM ဆရာ၊ ဆရာမတွေအပါအဝင် ရုံးဝန်ထမ်းအချို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က အလုပ်ရပ်နားခဲ့ပါသေးတယ်။

1 week Ago
Up